4.4

1.7K 245 13
                                    

"အကြီးအကဲလော့? အကြီးအကဲလော့?"

‌ဗန်ပိုင်းယားမျိုးနွယ်ကောင်စီခန်းမတွင်၊ ဗန်ပိုင်းယားမျိုးနွယ်စုမှအကြီးအကဲဆယ့်သုံးယောက်ကလာမယ့်'အရှင်(ဘုရင်)'ရွေးကောက်ပွဲနဲ့ပက်သတ်ပြီးငြင်းခုန်နေကြပေမယ့် ရွေးကောက်ပွဲနဲ့ပက်သတ်ပြီးခေါင်းဆောင်ဖြစ်နိုင်ခြေအရှိဆုံးလော့ကတော့ ဘာတစ်ခွန်းမှဝင်မပြောဘဲရှေ့တည့်တည့်ကိုသာစိုက်ကြည့်နေတယ်။

သူ့တွင်အကောင်းဆုံးဖိနှိပ်ချုပ်ချယ်နိုင်တဲ့ကိုယ်ရေုင်ဝါရှိပြီးနူးညံ့သိမ်မွေ့ပြီးလေးနက်တဲ့မျက်နှာအသွင်အပြင်နဲ့သူ့ကို နတ်ဆိုးဆွဲဆောင်မှုနဲ့ချယ်လှယ်နိုင်မှုတွေကို‌ပေါင်းလိုက်တဲ့အခါ ဘိန်းပန်းလိုအန္တရာယ်များပြီးဆွဲဆောင်မှုရှိတဲ့စိတ်ဓာတ်ကိုပေါ်လွင်စေတယ်။

လော့နဲ့မရင်းနှီးတဲ့သူတွေက သူအရေးကြီးကိစ္စတစ်ခုခုကိုတွေးတောနေတယ်လို့ထင်ကောင်းထင်နိုင်ပေမယ့် ရင်းနှီးတဲ့သူတွေကတော့တစ်ချက်ကြည့်လိုက်တာနဲ့လော့တစ်ယောက် ကြောင်တက်တက်ဖြစ်နေတာကို တန်းသိကြတယ်။

အကြီးအကဲဆယ့်သုံးယောက်တွင် အမျိုးသမီးအကြီးအကဲသုံးဦး‌ရှိပြီး ဝမ်လီယာကအသက်အငယ်ဆုံးနှင့် အလှဆုံးဖြစ်တယ်။သူမကလော့ရဲ့စိတ်လွတ်နေတာကိုတစ်ချက်ကြည့်လိုက်တာနဲ့သိပြီးရယ်စရာကောင်းတဲ့အကြည့်နဲ့မကြည့်ဘဲမနေနိုင်ချေ။

အခြားအကြီးအကဲတွေရြဲခေါ်သံကြောင့် နောက်ဆုံးမှာလော့ရဲ့စိတ်ပိုင်းဆိုင်ရာပြန် ည်ကောင်းမွန်လာတယ်။ချက်ချင်းပဲသူ့အမူအရာကိုညှိလိုက်ပြီးသင့်တင့်တဲ့အပြုံးကိုပြုံးပြပြီး
"တစ်ဆိတ်လောက်?ငါတို့အခုဘာ‌ပြောနေကြတာလဲ?"

"အရှင်(ဘုရင်)ရွေးကောက်ပွဲအကြောင်းလေ၊မင်းကလည်းနောက်အရှင်အသစ်ဖြစ်နိုင်ချေအမြင့်ဆုံးသူဆိုတော့…"

တခြားအဖွဲ့ခွဲတွေကလည်းသမာရိုးကျပြန်ပြောကြတယ်
"ဘယ်သူပြောလဲ?အကြီးအကဲဟေးတန်ရဲ့ဖြစ်နိုင်ချေနှုန်းကလည်းအကြီးအကဲလုထက်၃%ပဲနည်းတာလေ!ဘယ်သူကနောက်ဖြစ်လာမယ့်အရှင်(ဘုရင်)ဖြစ်နိုင်မှာလဲမသေချာသေးဘူးလေ......"

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now