5.7

807 111 3
                                    

ကုရီလင်နဲ့စိုင်ရယ်တို့ရဲ့ပြိုင်ဆိုင်မှုက လေလံပွဲမှာဖြစ်နေကြ အပိုင်းလေးတစ်ခုသာဖြစ်သည်။အများဆုံးမှ လူတစ်ချို့မှ ကိုလင်ဝေလာ့ဒ်ကိုပိုသိလာကြတာလောက်ပင်။ခဏအကြာတွက် လေလံပွဲသည် မူလလေထုသို့ပြန်လည်ရောက်ရှိသွားသည်။

~ဒေါက် ဒေါက် ဒေါက်~
အပြင်ဘက်မှ တံခါးခေါက်သံသည်သုံးကြိမ်ထွက်လာပြီး အပြင်ရှိလူက
"တောင်းပန်ပါတယ် …ဒါမစ္စတာကိုလင်ဝေလာ့ဒ်အခန်းလား?ကျွန်တော်တို့ရဲ့သခင်လေးမစ္စတာစိုင်ရယ်ကတွေ့ချင်နေလို့ တံခါးဖွင့်ပေးနိုင်မလား?"

ကုရီလင်က ပြုံးကာ ဂရိတယ်ကိုအမိန့်ပေးလိုက်သည်။
"တံခါးဖွင့်ပေးလိုက်ပါ"

ဂရိတယ်တံခါးဖွင့်ပေးပြီးနောက် စိုင်ရယ်က ကျွန်တစ်ဦးနှင့်အတူဝင်လာသည်။နီညိုရောင်ဆံပင်တိုတိုနှင့်ပယင်းရောင်မျက်လုံးများ၊နှုတ်ခမ်းထောင့်ပေါ်ရှိ အခြားသူတွေကိုမသက်မသာဖြစ်စေသည့် ခပ်ထေ့ထေ့အပြုံး၊တန်ဖိုးကြီးဝတ်စုံတို့က စိုင်ရယ်၏ခန်းနားထည်ဝါမှုကို အံဝင်ခွင်ကြဖြစ်စေသည်။

စိုင်ရယ်ဝင်လာသည်နှင့်တစ်ပြိုင်နက် ကုရီလင်ကဆန့်ကျင်ဘက်ဆိုဖာတွင်ထိုင်ဖို့ပြကာ ရက်ရက်ရောရောလက်ဆန့်လိုက်ပြီးနောက်
"စိုင်ရယ်အန်ဆာ"ဟုပြုံးပြီးပြောလိုက်သည်။

စိုင်ရယ်ကလည်းကုရီလင်ကိုပြန်လက်ဆွဲနှုတ်ဆက်ပြီး
"ကိုလင်ဝေလာ့ဒ်"

"ဒီနေ့နေ့လည်က အမေ့ဆီကနေ ကူညီပေးခဲ့တယ်ဆိုတဲ့သတင်းကြားလိုက်ပါတယ် ကျေးဇူးတင်ပါတယ်…"

ကုရီလင်ကပေါ့ပေ့ါပါးပါးပြုံးကာ
"မလိုပါဘူး…ရပါတယ်"

စိုင်ရယ်၏မျက်လုံးများသည် ကုရီလင်၏လက်ထဲတွင် လိမ္မာချင်ယောင်ဆောင်နေသည့် 233ကိုကြည့်ရင်း
"ဒီကြောင်လေးရဲ့အမွှေးတွေကတော်တော်ကောင်းတယ် ဘာမျိုးစိတ်လဲ?"

"မစ္စတာစိုင်ရယ်ကိုဟာသဖြစ်‌စေပြန်ပြီ…ဒါကအဖိုးတန်မျိုးရိုးမဟုတ်ပါဘူး ဒီတိုင်းသာမာန်လေလွင့်ကြောင်ပါ"

233တစ်ယောက် ခိုကိုးရာမဲ့သွားလေသည်။သူကလေလွင့်ကြောင်ဟုတ် မဟုတ်ဆိုတာကို သူ့ပိုင်ရှင်နဲ့ငြင်းချင်းစိတ်တောင်မရှိတော့ဘူး

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now