2.1 မေတ္တာငတ်နေတဲ့တရားမဝင်သားလေးကိုဖြားယောင်းမယ်!

3.8K 363 2
                                    

မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တဲ့အခါ သူအဖြူရောင်အာကာသထဲက ပြန်ရောက်နေပြီမှန်း ကုရီလင်သိလိုက်သည်။

တစ်ခန်းလုံး နို့လို မြူထူထပ်စွာ ဖုံးလွှမ်းနေပုံရပြီး အရှေ့၊ အနောက်၊ မြောက်နှင့် တောင်ကို ခွဲခြား၍မရနိုင်ဘဲ အဆုံးမသတ်နိုင်ပေ။အနက်ရောင်ကုတင်ကြီးတစ်လုံး၊ ဆိုဖာတစ်လုံးနှင့် အပြာနုရောင်မျက်နှာပြင်ကသာ ဤအခန်းထဲရှိ တစ်ခုတည်းသောအရာဖြစ်သည်။

ဆိုဖာပေါ်တွင် ကြောင်မည်းကြီးတစ်ကောင်က လဲလျောင်းနေပြီး တစ်မှေးအိပ်လျက်ရှိသည်။

[နောက်ဆုံးတော့ ပြန်လာဖို့ ဆန္ဒရှိပြီလား? ]
233 မျက်လုံးမဖွင့်ဘဲ ပြောလိုက်သည်။

'အင်း'
ကုရီလင်မျက်နှာပြင်ဘေးတွင်ရပ်ကာ screenပေါ်လှုပ်ရှားရင်း နောက်နှစ်တစ်ရာအတွက် နှိုးစက်ပေးပြီးနောက် ကုတင်ပေါ်တွင်အိပ်မောကျသွားတော့သည်။

မှန်ပေသည်။နှစ်တစ်ရာသည်တကယ်တော့အစစ်မဟုတ်ပေ။သို့သော် ဒီအပိုင်းအခြား၏နှစ်တစ်ရာဖြစ်သည်။အိပ်ယာကနိုးလာလျှင် နှစ်တစ်ရာကျော်သွားသလိုခံစားရမှာဖြစ်ပြီး ရှန်ကျင်းလင်အတွက် သူခံစားချက်များက လေနှင့်အတူ သဘာဝအတိုင်း ပျောက်ကွယ်သွားနိုင်လိမ့်မည်။

သူနိုးလာပြီးနောက် နှလုံးသားထဲကနာကျင်မှုတွေ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ။သူက မရပ်တန့်တော့ဘဲ တခြားကမ္ဘာကိုဆက်ဝင်သွားသည်။

သူမျက်လုံးပြန်ဖွင့်လိုက်သောအခါတွင် ကုရီလင်ခေါင်းကွဲသွားသလိုခံစားချက်မျိုးခံစားမိသည်။ထို့ကြောင့်နဖူးကို ထိကြည့်လိုက်တော့ ပိတ်စလေးတစ်ရွက် ပတ်ထားပြီး သူပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။ ကစားကွင်းပေါ်တွင် တူညီသောအဝတ်အစားဝတ်ထားသည့် ကောင်လေးများစွာကဘောလုံးကစားနေပြီး သူ့ဘေးမှာလည်း တခြားမျက်နှာတွေ အများကြီးပင်။

ကောင်ချောလေးတစ်ယောက် ရှက်ရွံ့ပြီး ရွှင်မြူးနေသည်။ကုရီလင်ကအခန်းအပြင်အဆင်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ကျောင်း၏ဆေးကုသဆောင်ဖြစ်ကြောင်း မှန်းဆခဲ့သည်။

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now