2.3

2.5K 353 0
                                    

ဆိုင်ရဲ့အရှေ့ဘက်တံခါးကမြို့ထဲကိုသွားတာဖြစ်ပြီးအနောက်ဘက်တံခါးကဆင်းရဲသားရက်ကွက်တစ်ခုကိုဦးတည်တယ်။လမ်း‌ကြားလေးရဲ့မြေပြင်တွေကညစ်ပတ်ပြီး လေထုထဲမှာအမှိုက်နံ့တွေကနံစော်နေတယ်။နံရံတစ်ဖက်တစ်ချပ်စီမှာ အိမ်သေးသေးလေးတွေ တစ်ခုပြီးတစ်ခုပြွတ်သိပ်နေပြီး ဈေးပေါတဲ့အဝတ်အစားတွေကို အိမ်ရှေ့မှာလှမ်းထားကြတယ်။

ကုရီလင်က 233ပို့ပေးတဲ့အချက်အလက်အတိုင်းရှေ့ကိုလျောက်သွားချိန် မလှမ်းမကမ်းထောင့်လေးမှာခြိမ်းခြောက်နေတဲ့အသံကိုကြားလိုက်ရတယ်။သူကထောင့်မှာပုန်းပြီးအဲ့ဒီမြင်ကွင်းကိုတိတ်တဆိတ်ကြည့်လိုက်တယ်။

အယ်လ်ဖာကျောင်းဝတ်စုံဝတ်ထားတဲ့ကျောင်းသားတစ်ဦးကို တခြားအယ်လ်ဖာနှစ်ယောက်နဲ့ဘီတာသုံးယောက်က ဝိုင်းထားကြတယ်။အဝိုင်းခံထားရတဲ့အယ်လ်ဖာက ခေါင်းငုံ့ထားပြီးသူ့ရွှေရောင်ဆံပင်တွေကမျက်လုံးကိုဖုံးတဲ့အထိရှည်နေတာကြောင့် သူ့အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး!

ကုရီလင်ကမူလပိုင်ရှင်ရဲ့မှတ်ဉာဏ်ကတစ်ဆင့်ဒီလူတွေကိုသိလိုက်တယ်။အဝိုင်းခံထားရတာကဗီလိန်ကျော်ကြီးဗစ်တာဖြစ်ပြီး တစ်ခြားသူတွေကစွမ်းအားမဲ့တဲ့ကျောင်းသားတွေဆီက ကာကွယ်ကြေးဆိုပြီးအမြဲတမ်းငွေညှစ်နေတဲ့ ကျောင်းအနီးရှိ လူဆိုးဂိုဏ်းများဖြစ်တယ်။

အယ်လ်ဖာတစ်ယောက်က ဗစ်တာကိုကန်လိုက်တာလွဲသွားတာမို့ အမှိုက်ပုံဘေးနာကိုတွန်းချလိုက်တယ်
"ကောင်လေး…ဒီလောင်ဇီပြောနေတာကိုနားမလည်သေးဘူးလားကွ!မင်းကိုပိုက်ဆံထုတ်ပြီးပေးခိုင်းနေတာလေ?မင်းကဒီမှာသနားစရာကောင်းအောင်လာငိုပြနေတာလားကွ!!"
ဗစ်တာကခေါင်းကိုသာငုံထားပြီးပြန်‌မပြောဘဲ ဒေါသထွက်လွန်းတာကြောင့် သူ့အင်္ကျီလက်အောက်လက်သီးကိုသာတင်းတင်းဆုပ်ထားတယ်။

"ငါတို့ သူဌေး မင်းနဲ့ စကားပြောနေတာ ကြားလား?!" အခြားအယ်လ်ဖာက သူ့ပခုံးကို လှမ်းကိုင်လိုက်ပြီး ပြင်းပြင်းထန်ထန် ဖိညစ်လိုက်တယ်။
"မင်းပြီးပြီလား?
အနောက်ဘက်မှာရပ်နေတဲ့မိတ်ကပ်အပုံသားနဲ့ဘီတာတစ်ကောင်ကအော်ကြီးဟစ်ကျယ်အသံနဲ့
" မင်းတို့ပြီးပြီလား။ငါတို့ကိုပိုက်ဆံမပေးရင် ကျွေးသာ‌ကျွေးခဲ့လိုက်!အကြာကြီးနှောက်ယှက်နေရတာစိတ်ပျက်ဖို့ကောင်းတယ်!"
"ဘာကိစ္စရှိလို့လဲ ကလေးလေး စိတ်မရှည်ဘူးလား?" ခေါင်းဆောင်အယ်ဖာကသူ့ခါးကိုဖက်ပြီးတခြားအယ်လ်ဖာကို မျက်စိမှိတ်ပြတယ်။ထိုအယ်ဖာကလည်း ခေါင်းညိတ်ပြကာ လက်သီးကို မြှောက်ပြီးဗစ်တာမျက်နှာကို လက်သီးဖြင့်ထိုးလိုက်ပြီး ဗစ်တာကနှုတ်ခမ်းသာတင်းတင်းစေ့ထားတယ်။

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now