3.7

2.2K 303 5
                                    

Unicode and Zawgyi

ကုရီလင်က 233ဆီကနေ ကံကြမ္မာသားတော်ရဲ့အခက်အခဲ‌အတားအဆီးတွေတဝကြီးနားထောင်နေသည်မှာညနေပင်ရောက်လုနေပြီ။

ညနေပိုင်းတွင် ကောင်းကင်မှာတိမ်တွေဖုံးနေပြီးမိုးကြိုးနဲ့လျှပ်စီးတွေလည်းလက်ကာ မိုးကသည်းသည်းမဲမဲရွာချတော့သည်။

ကုရီလင်ကမိုးလင်းပေါက်ထိတိုင်အောင်စောင့်ခဲ့ပေမယ့်လည်းရှီချန်အန်းပြန်လာတာကို‌မတွေ့ရပေ။မူလက 233ကိုမေးချင်ပေမယ့် အလှောင်ခံရမှာနားမထောင်ချင်တာကြောင့်စောင့်နေရတာပင်။တစ်နာရီကြာသွားပြီးနောက်မှာတောင် သည်းနေတဲ့မိုးကတိတ်မယ့်ပုံမပေါ်ပေ။

မိုးအရမ်းသည်းတာကြောင့်ချန်အန်းလမ်းကပိတ်နေတာဖြစ်မယ်လို့ခန့်မှန်းလိုက်ပြီးအိပ်ယာပေါ်လှဲချလိုက်ပေမယ့် ဟိုလှည့်ဒီလှည့်နဲ့အိပ်မပျော်ဖြစ်နေသည်။

ကျယ်လောင်တဲ့အသံနဲ့အတူတံခါးပွင့်လာပြီး ကုရီလင်ကချက်ချင်းထကာတံခါးဝမှာရပ်နေတဲ့လူရိပ်မည်းမည်းကိုကြည့်လိုက်သည်။

မျက်နှာကိုရှင်းရှင်းလင်းလင်းမမြင်ရပေမယ့်လည်း ခံစားချက်တချို့ကြောင့် ဒါကရှီချန်အန်းဖြစ်မယ်ဆိုတာကိုကုရီလင်ကသိနေတာမို့ အတိုင်းမသိပျော်သွားကာ တစ်လှမ်းချင်းလှမ်းကာအခန်းထဲကိုဝင်လာတဲ့ပုံရိပ်ကြောင့်ကုရီလင်ကနှလုံးသားလေးကတဖြည်းဖြည်းနစ်မြုပ်လာသည်။

ဒါကချန်အန်းပါဆိုတာကိုကုရီလင်ကခက်ခက်ခဲခဲပြန်မှတ်ယူရသည်။ချန်အန်းခန္ဓာကိုယ်က ကိုယ်အလေးချိန် အများကြီးကျသွားပြီး ကွက်တိဆိုတဲ့သူ့အဝတ်အစားတွေကတော်တော်လေးကိုချောင်နေပြီး စုတ်ပြတ်သတ်နေပြီး ပိတ်စပတ်ထားသလားထင်ရသည်။

ဒဏ်ရာတွေနဲ့ပြည့်နေပြီး မျက်ဝန်းလှလှက‌လည်း အပေါ်ကနေအောက်ကိုခြစ်ခံထားရတယ်။ဒဏ်ရာတွေကသွေးတွေစွန်းနေပြီး နာကျင်လွန်းလို့မျက်လုံးတောင်မဖွင့်နိုင်ဘူး။လမ်းလျောက်ပုံကလည်းထူးဆန်းနေသည်။ခြေထောက်တစ်ဖက်ကိုကွေးထားပြီး ခန္ဓာကိုယ်တစ်ကိုယ်လုံးက တခြားခြေထောက်တစ်ဖက်ကိုသာမှီခိုထားရပြီး ကြိမ်တုတ်တစ်ချောင်းကိုချိုင်းထောက်အဖြစ်ကိုင်ကာ ခုန်ဆွခုန်ဆွသွားနေသည်။

ဗီလိန်အားသွေးဆောင်ဖြားယောင်းခြင်းအစီအစဉ်[Mm-translation] Zawgyi And Unicode Where stories live. Discover now