ဇာတ်လမ်းတွင်းရှိ အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်ပါသည်။
မည်သည်ကိုမှ ထိခိုက်လိုစိတ်မရှိပါ⛄ ⛄ ⛄ ⛄ ⛄ ⛄ ⛄ ⛄ ⛄ ⛄ ⛄ ⛄ ⛄
စီးပွားရေးလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ လုပ်ငန်းစုရဲ့သား၊ အငယ်ဆုံးလဲဖြစ်သလို အဆိုးဆုံးလဲဖြစ်တယ်၊ နာမည်ဆိုးနဲ့ ကျော်ကြားနေပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီပွင့်ကြီးပေါ့။
ရန်ပွဲတိုင်းသူမပါမပြီးသလို ရဲစခန်း၊ အချုပ်ဆိုတာလဲ သူမသွားဖူးတဲ့နေရာမရှိ၊ ဆိုးချင်တိုင်းဆိုးပေမဲ့ ပညာမတတ်လို့ဆိုးတာမျိုးလဲမဟုတ်၊ နိုင်ငံပေါင်းစုံက စီးပွားရေးဘွဲ့တွေပတ်ယူထားပြီး အဆိုးအသွမ်းလုပ်နေတဲ့ လူဆိုးကောင်၊
မိဘအရှိန်အဝါနဲ့ဆိုးတယ် အစ်ကို၊အစ်မတွေအရှိန်အဝါနဲ့မိုက်တယ် သူ့အရှိန်အဝါနဲ့သူကတော့ လူဆိုးခေါင်းဆောင်ပေါ့၊
စီးကရက်တစ်လိပ်ကို ဟန်ပါပါမှုတ်ထုတ်ရင်း…
'ဒီနေ့ဘာအစီစဉ်ရှိလဲ'
'သောက်မယ် ကဲမယ် ပြီးရင်မှောက်မယ်'
အပြာရောင်မျက်လုံးတွေကို ပိုင်ဆိုင်ထားသည့် Mike(မိုက်)က ဝီစကီတစ်ခွက်အား မော့ရင်းဆိုလာသည်။
'ရိုးလွန်းတယ်'
အဆိုးတကာ့အဆိုးလေး ရောက်နေသည့်နေရာသည် J-clubတစ်ခုဖြစ်၏။မိုက်ဖော်မိုက်ဖက် သူငယ်ချင်းတစ်စုနှင့် မူးပြဲကွဲအောင်သောက်မယ်ဆိုသည့် ရည်ရွယ်ချက်နှင့်ရောက်ရှိလာတာဖြစ်တယ်၊
'ဟိုမှာ မင်းသားကောင်လေးလာနေပြီ'
အညိုရောင်မျက်ဝန်းပိုင်ရှင် Jameသည် သူတို့ဝိုင်းကို တန်းတန်းမတ်မတ်လှမ်းလာနေသော မလုံမခြုံအမျိုးသမီးကို မေးငေါ့်ကာ ပြောလာတော့ ကျန်နှစ်ယောက်လဲသူညွှန်ပြရာနေရာကို ပြိုင်တူကြည့်လိုက်သည်။
အဆိုးလေးတွေနားကပ်ချင်နေသော သားကောင်းလေးတွေသည်လှလှလေး၊ အရိုင်းဆန်းစွာလှတယ်လို့ပြောရင် ပိုသင့်တော်လိမ့်မယ်၊ ဒါမျိုးတွေကို ရိုးနေတဲ့သူတို့သုံးယောက်အတွက်တော့ အီစီကလီလုပ်မယ် အဆင်ပြေရင်ရှေ့ဆက်သွားမယ် အဲထက်အဆင်ပြေရင် အိပ်ယာထက်ဆွဲတင်ကာ ပျော်ပါးကြမယ် တစ်ညတာပတ်သတ်မှုလေးဖန်တီးမယ် ဒီလောက်ပါပဲ။
YOU ARE READING
JEON (Completed)
Fanfictionအတိတ်ကဖြစ်ရပ်တွေကြောင့် တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေရာမှ လက်ထပ်ရန်အကြောင်းဖန်လာတဲ့အခါ... Jikook