'ဘာကိစ္စ'
'မင်းကိုသတိလာပေးတာ'
'ဘလိုင်းကြီးပါလား ဘာလဲဟိုနေ့ကကိစ္စမကျေနပ်လို့Park Jiminလွှတ်လိုက်တာလား'
'မကျေနပ်စရာလား မင်းပါးကိုတောင်ရိုတ်နိုင်ခဲ့သေးတာပဲ'
JKမျက်လုံးများစတင်အရောင်ပြောင်းလာခဲ့သည်၊ ကျစ်နေအောင်ဆုပ်ထားသော လက်တစ်ဖက်က သွေးကြောများသည်လဲ ပေါက်ထွက်မတတ်၊
ကိုယ့်ရဲ့နေရာကိုသူကလဲလာသေးတယ်၊ စော်ကားနေလိုက်တာများ၊ ပါးရိုတ်ခံရကတည်းကလူက လူသတ်ချင်စိတ်ပေါက်နေတာ ခုလိုမျိုးကိုယ်တိုင်လာစော်ကားတော့ ဒေါသကိုဓာတ်ဆီလောင်းထည့်လိုက်သလို၊
အနားမှာဘယ်သူမှမရှိလို့တော်သေးတာပေါ့၊ အားလုံးကဖဲဝိုင်းမှာအလုပ်ရှုပ်နေလို့ ဒီစကားကိုမကြားတာ၊ တစ်ဖက်သူကြားသွားကြည့် ဒီကိစ္စကJKရဲ့အားနည်းချက်ကြီးလိုဖြစ်သွားမှာ။
'ဟက်! အားပျော့တဲ့လက်သီးတစ်ချက်က ငါ့ကိုဘာတွေများထိခိုက်စေလိုလဲ အော်…ဒါနဲ့ မင်းအစ်ကိုက ယောင်္ကျားဆစ်ပါတယ်နော်'
'ဘာကွ!!!!'
ဒီကောင်ကတစ်နေ့တစ်ခြား လူပါးဝဝလာတာ၊ အပြောတွေကလဲ တစ်စက်မှအချိုးမပြေဘူး၊ အစ်ကိုကိုလဲ စော်ကားနေတုန်းပဲ၊ ဒင်းလိုကောင်မျိုးလက်ထဲအစ်ကိုကိုထည့်ရမဲ့အစား ခွေးနဲ့ဒင်းကိုပေးစားလိုက်တာကမှ လိုက်ဖက်နေအုံးမယ်။
'ငါ့အစ်ကိုယောင်္ကျားဆစ်မဆစ်သိချင်ရင် မင်းအစ်မကိုအိမ်လွှတ်လိုက်လေ'
'ခွေးမသား!!! မင်းရောက်နေတာငါ့ပိုင်နက်နော်!'
ဒေါသအရှိန်ဖြင့် အင်္ကျီကော်လံအားစောင့်ဆွဲတော့ ဟီဂျယ်နောက်ကပါလာသော လူတစ်စုသည် လက်တွေတပြင်ပြင်နဲ့၊
'ဂရုမစိုက်ဘူး!! ငါ့အစ်ကိုနဲ့ဝေးဝေးနေ နောက်တစ်ခါအစ်ကိုကိုနာအောင်လုပ်ရင်မင်းအသေပဲ'
အင်္ကျီကော်လံတွေအား အချင်းချင်းဆွဲထားကြပြီး အန်ကြိတ်ကာသတိပေးသံတွေသည် ဒေါသဘယ်လောက်ထွက်နေလဲဆိုတာ ခန့်မှန်းလို့ရ၏။နီရဲနေတဲ့မျက်လုံးတွေကလဲ အမဲဖျက်တော့မည့်သားရဲတွေလို စူးရှနေ၏။
YOU ARE READING
JEON (Completed)
Fanfictionအတိတ်ကဖြစ်ရပ်တွေကြောင့် တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေရာမှ လက်ထပ်ရန်အကြောင်းဖန်လာတဲ့အခါ... Jikook