Part-18

13.9K 798 65
                                    

'အခန်းတစ်ခန်း'

ပစ်ပေးလာသော သော့တစ်ချောင်းကိုဖမ်းကာ လေတချွန်ချွန်ဖြင့် အပြီကဲဖို့bar၏VVIPအခန်းထဲသို့သွားလိုက်သည်၊ ဒီရက်ပိုင်းဟိုကောင်တွေကိုလဲ ရှောင်နေတာဆိုတော့ ခုချိန်မှာအရက်လေးသောက်လိုက် မှောက်လိုက်နဲ့တစ်ယောက်ထဲပဲ ဘဝကိုဖြတ်သန်းတော့မှာ၊ မင်္ဂလာကိစ္စကလဲလူကြီးတွေစီစဉ်နေတာဆိုတော့အေးဆေး၊ Park Jimin ကလဲအရာအားလုံးကိုယ့်စီမံမှုအောက်မှာဆိုတော့ သာသာယာယာပဲ။

တစ်ခုပဲ မင်္ဂလာပွဲကိုဟိုအကောင်တွေကိုဘယ်လိုဖိတ်ရမလဲဆိုတာ...၊ Parkမျိုးစုက သားအချောလေးကိုခိုးပြေးလိုက်မှုကလဲ ဟိုးလေးတကြော်ကြော်နဲ့ ခုချိန်ထိ သတင်းတွေထဲမပါမဖြစ်ပါနေတုန်း၊ ဒီမနက်ကပဲ မင်္ဂလာရက်ကြော်ငြာလိုက်တာဆိုတော့ ဟိုကောင်‌တွေလဲသိပြီးလောက်ပြီ ဘယ်လောက်များဆွေ့ဆွေ့ခုန်နေကြမလဲ။

တစ်ယောက်ထဲကြိတ်ပျော်ရင်း VVIPအခန်းထဲသို့ဝင်သွားလိုက်သည်၊ အခန်းသည်မှောင်နေခဲ့ပါသည် မီးဖွင့်လိုက်တဲ့အချိန် တံခါးသည်ဒုန်းကနဲ့စောင့်ပိတ်သွားပြီး ဆိုဖာမှာသကောင့်သား သုံးယောက်သည်စောင့်ကြိုလို့နေ၏။

'ဝိတ်တာတော့ငါ့ကိုဆေးထိုးလိုက်ပြီထင်တယ်'

လှည့်ပြေးမလို့ကြံတုန်း Mikeကအနားရောက်လာကာ လက်မောင်းရင်းမှဆွဲခေါ်သွား၏။

'ဘယ်ပြေးမလို့ကြံနေတာလဲ'

'ပြေးစရာလား'

Mikeဆွဲထားသောလက်ကိုရုန်းကာ ဆိုဖာမှာခပ်တည်တည်ဝင်ထိုင်လိုက်သည်၊ ချထားသောအရက်ခွက်ကိုလဲ ခပ်တည်တည်ပဲမော့ပစ်လိုက်သည်၊

'Jeon Jungkook မင်းတစ်ကယ်ပဲကွေးသွားတာလား'

သောက်လက်စအရက်တွေပင် ပြန်ပန်းထွက်လာရ၏။Jameဘယ်လိုတွေများမေးလိုက်တာလဲ ကိုယ်ဒီလောက်ဖြောင့်တာ ဒီကောင်တွေသိရဲ့သားနဲ့။

'မင်းမေကြီးတော်ကိုကွေးပါ့လား ငါgayတွေကိုမုန်းတယ်'

'အော်အော်... gayတွေကိုမုန်းလို့ပဲတော်သေးတာပေါ့ မုန်းများမမုန်းရင်အကောင်လိုက်မျိုချထားမလားမသိဘူး'

JEON (Completed)Where stories live. Discover now