After 3 days later~~~~~
3ရက်ဆိုတဲ့အချိန်ကာလတွေသာ ကြာလာတာ Jiminသတင်းဘာမှမကြားရ၊ မူးလဲကတည်းကဆေးရုံမှာဟီဂျယ်ကအစောင့်များစွာချထားပြီး အနီးကပ်စောင့်ကြည့်ပေးနေ၏။သက်သာလား တစ်ခုခုများဖြစ်သွားသလားဆိုတာလေးကို သိချင်ပေမဲ့ အခွင့်ရေးကJKဘက်မှာရှိမနေ။
မနေနိုင်တဲ့အဆုံးသွားတွေ့ခဲ့ပေမဲ့ ရန်ပွဲသာနွှဲခဲ့ရပြီး နှင်ထုတ်ခံလိုက်ရပြန်ပါသည်၊ တစ်ရှက်ကနှစ်ရှက်ပေါ့၊ ကြံရာမရတဲ့အဆုံးbarမှာအချိန်လာဖြုန်းနေမိတော့၏။
ဒီနေ့တွင်တော့JKနားတွင် မည်သူတစ်ဦးတစ်ယောက်မှရှိမနေပါ၊ တလောကလုံးသူ့လုပ်စာထိုင်စားနေသလို မျက်နှာထားဖြင့် မှုန်ကုပ်နေတာကြောင့် မိန်းမပျိုလေးတွေလဲ အနားမကပ်ရဲကြ၊
အရောင်လဲ့နေသောဘီယာခွက်လေးအားကိုင်ကာ အတွေးတွေသည်ဆေးရုံပေါ်မှာ၊ အစောင့်တွေကိုငွေပေးခိုင်းရအောင်လဲ အကုန်လုံးကဟီဂျယ်ဘက်တော်သားအစစ်အမှန်တွေဆိုတာ စုံစမ်းလို့သိထားပြီးသား၊ ဆရာဝန်ကိုငွေပေးပြီးခိုင်းတာမျိုးလဲမလုပ်ချင်၊
အဲလိုသာဆို နေကောင်းတယ် မကောင်းဘူးပဲသိရမှာ ခုဟာကကိုယ်တိုင်တွေ့ပြီးအတည်ပြုချင်တာ၊ Park Jiminနဲ့ပတ်သတ်ရင်ကိုယ်တိုင်ကလွဲ ဘယ်သူမှမယုံတာလဲပါပါလိမ့်မည်၊
ဘာအတွေးမှမထွက်တဲ့အခါ ရှည်နေတဲ့ဆံပင်တို့ကိုညှပ်ချင်လာတဲ့အထိ စိတ်တွေအိုက်လာပါသည်၊ ဒီကိစ္စကိုလဲ Mikeတို့ Jameတို့နဲ့လဲမတိုင်ပင်ချင်ပါ၊ အဲကောင်တွေက ကိစ္စတစ်ခုဆို မေးလို့ပြီးမှာမဟုတ်တော့ဘူး။
ရှည်နေတဲ့ဆံပင်တို့ကိုလက်ဖြင့် ဆွဲဆုပ်လိုက်ပြီးထိုင်ခုံနောက်သို့မှီချလိုက်သည်၊
'ဘာမှစဉ်းစားမရဘူးကွာ…!!'
အချိန်တစ်ခုထိကြာအောင်JKတိတ်ဆိတ်နေခဲ့ပါသည်။
'ဟက်! အဲလိုပဲလုပ်တာပေါ့'
လက်ဖျောက်တစ်ချက်တီးကာ ကျန်နေသောဘီယာလက်ကျန်ကိုမော့သောက်ပြီး အပြုံးလှလှလေးချိတ်ဆွဲကာ ထထွက်သွားသူသည် ခပ်မိုက်မိုက်လေး။
-------------
'အစ်ကိုနေ့ခင်းဆေးလဲသောက်ရမယ်နော် အစားတွေလဲလျှောက်မစားနဲ့အုံး အစောင့်တွေမပါပဲနဲ့တစ်ယောက်ထဲအပြင်လဲထွက်မနေနဲ့အုံး'
YOU ARE READING
JEON (Completed)
Fanfictionအတိတ်ကဖြစ်ရပ်တွေကြောင့် တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေရာမှ လက်ထပ်ရန်အကြောင်းဖန်လာတဲ့အခါ... Jikook