အခမ်းနားဆုံးသော အပြင်အဆင်များနှင့် အကောင်းဆုံးသော စားသောက်ဖွယ်ရာများသည် စားပွဲပေါ်အပြည့်၊ အိမ်တစ်အိမ်လုံး ရှုပ်ယှက်ခက်စွာ အလှပဆုံးသောကြိုဆိုပွဲလေးကို ပြင်ဆင်ပေးနေကြသည်။
အကောင်းဆုံးတွေကိုသာ ရွေးချယ်အသုံးပြုထားသည်မို့ ကြိုဆိုခံမည်လူသည် ဘယ်လောက်အရေးပါသလဲဆိုတာ မေးကြည့်စရာပင်မလိုတော့ပေ။
စိတ်တိုင်းကျပြင်ဆင်ပြီးသည့်နောက် မိသားစုစုံလင်စွာ အိမ်ပေါက်ဝတွင်ရပ်စောင့်နေကြ၏။နာရီလက်တံသည် 7နာရီကျော်လို့နေချေပြီ၊ ဒီချိန်ဆို ရောက်သင့်နေပြီမလား၊ ခြံဝင်းအတွင်းသို့ မည်သည့်ကားမှ ဝင်မလာသည့်အခါ စိတ်တွေသည်တဖြည်းဖြည်း မကောင်းတဲ့အတွေးဆီသို့ ဦးတည်နေတော့သည်။
'သားလေးရောက်သင့်နေပြီ…'
'လမ်းမှာကားတွေကျပ်နေလို့နေမှာပါကွာ'
'ကျွန်မဖြင့်စိတ်တွေပူလိုက်တာ ဖုန်းဆက်ကြည့်ပါလား'
ယောင်္ကျားကို အားကိုတကြီးကြည့်ကာ တောင်းဆိုလာတော့ မငြင်းရက်ပဲ အလွတ်ရနေသော သူတို့သားဖုန်းနံပါတ်လေးကို နှိပ်ကာ ဆက်လိုက်သည်၊ "တူတူ"ဆိုသည့်အသံနှင့်အတူ ဖုန်းဝင်သွားခဲ့ပေမဲ့ တစ်ဖက်ကတော့ ဖုန်းမကိုင်ခဲ့ပါ။
'ဖုန်းမကိုင်ဘူး'
'ကျွန်မစိတ်တွေလေးနေတယ် သားလေးတစ်ခုခုများဖြစ်နေပြီလားမသိဘူး…'
'မဟုတ်တာကွာ…'
'ဟိုမှာအစ်ကိုကြီးလာပြီ'
ရင်ဘတ်လေးဖိကာ ဝမ်းနည်းနေသော မေမေသည် သားလတ်၏ စကားသံကြားမှ မျက်လုံးလေးများဝင်းလာကာ ခြံဝင်းထဲကွေ့ဝင်လာသော ကားလေးထံ အပြေးလေးသွား၏။
အားလုံးမျှော်နေကြတဲ့ သားကြီးပြန်ရောက်လာခဲ့ပြီ၊ ပညာတော်သင်ဟု အကြောင်းပြကာ မိဘရင်ခွင်မှ ခွဲထွက်သွားသော သားလေးသည် ၁၀နှစ်တာအချိန်တစ်ခုကုန်လွန်ပြီးနောက် မိဘများထံသို့ ပြန်ရောက်လာခဲ့ပြီဖြစ်တယ်။
ကားပေါ်ကဆင်းလာသော သားကြီးသည် မျက်လုံးလေးများမှိတ်ကျသွားသည်အထိ ပြုံးပြနေတော့ မျက်ရည်များတာကျိုးသလိုပြိုဆင်းလာရပြီ၊ လွမ်းနေခဲ့တာ ဒီအဆိုအဆာအချွဲလေးကို လွမ်းနေခဲ့ရတာ။
YOU ARE READING
JEON (Completed)
Fanfictionအတိတ်ကဖြစ်ရပ်တွေကြောင့် တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေရာမှ လက်ထပ်ရန်အကြောင်းဖန်လာတဲ့အခါ... Jikook