'သား... ထမင်းစားရအောင်'
'မစားချင်သေးလို့ အမေတို့အရင်စားနှင့်လိုက်ကြပါ'
သားလေးကJeonစံအိမ်ကနေ ပြန်လာကတည်းက အစားလဲကောင်းကောင်းမစားဘူး၊ အပြင်လဲမထွက်သလို အမြဲအခန်းအောင်းနေကာ ဘယ်သူနဲ့မှလဲ စကားသိပ်မပြောဘူး။
နေ့တိုင်းခိုးငိုထားတယ်လို့ထင်ရလောက်အောင် မျက်လုံးလေးတွေအမြဲဖောင်းအစ်နေတတ်တယ်၊ ခုလဲကြည့် အခန်းတွင်းကနေ တံခါးတစ်ချက်တောင်ဖွင့်မပေးပဲ အသံဆာဆာလေးနဲ့လှမ်းအော်ပြောနေဝာာ၊
တစ်ယောက်ထဲကြိတ်ငိုပြန်ပြီလားမသိပါဘူး၊ အပြင်ထွက်မစားလို့ သားအခန်းထဲထိထမင်းတွေဟင်းတွေပို့ပေးလဲ တစ်ဇွန်းနှစ်ဇွန်းလောက်သာစားပြီး ဗိုက်ပြည့်ပြီဟုဆိုတတ်သေးသည်။
ဒီကလေးပိန်သွားလိုက်တာများ ဖောင်းနေတဲ့ပါးလေးတွေတောင် လျော့လို့သွား၏။အရင်လို မျက်ဝန်းလေးတွေမှိတ်သည်အထိ ရီနေတာလေးကိုလဲ တွေ့ဖို့ခဲယဉ်းသွားခဲ့ပြီ။
------------------
အရင်နေ့တွေထက် ဒီနေ့ကစိတ်တွေပိုကြည်နေ၍ ပြတင်းပေါက်နားသွားကာ ကောင်းကင်ကြီးကိုမော့ကြည့်မိသည်၊ ထိန်ထိန်သာနေတဲ့ လမင်းကြီးရဲ့အလင်းက အခန်းထဲဖြန့်ကျက်ထားသယောင်၊
အခန်းမီးကိုပိတ်လိုက်ပြီး အိပ်ယာနားကမီးအိမ်လေးကိုသာထွန်းထားကာ တစ်ခန်းလုံး လအလင်းရောင်လေးကိုအားပြုပြီးလင်းစေလိုက်သည်။
လေနုနုလေးတွေဖြတ်တိုက်သွားတိုင်း မျက်လုံးလေးမှိတ်ကာ အသက်ကိုဝဝရှုမိသည်၊ ပတ်ဝန်းကျင်တစ်ခုလုံးကလဲ တိတ်ဆိတ်နေပြီး အခန်းကနေလှမ်းမြင်နေရသော တစ်ခြံလုံးကလဲ တိတ်ဆိတ်နေကာ အထီးကျန်မှုတွေကို အဖော်ပြုနေရသည်။
လက်ကလေးပိုက်ထားရာမှ ဆန့်ထုတ်ကာလအရောင်လေးကို လက်ဖြင့်ထိတွေ့ကြည့်ရင်း သဘောကျကာပြုံးမိ၏။ဒီအပြုံးဟာ Jeonစံအိမ်မှထွက်လာကတည်းက ပြုံးမိတဲ့ပထမဆုံးအပြုံးပဲ။
မကြာပါခြံထဲကမီးတွေမှိတ်သွားကာ တစ်ခြံလုံးကို လအလင်းရောင်ကလွှမ်းခြုံလို့သွား၏။လှမ်းမြင်နေရသော လသေးသေးလေးက ဒီလောက်တောင်ပဲလင်းတာလား။
YOU ARE READING
JEON (Completed)
Fanfictionအတိတ်ကဖြစ်ရပ်တွေကြောင့် တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေရာမှ လက်ထပ်ရန်အကြောင်းဖန်လာတဲ့အခါ... Jikook