မုန်တိုင်းမလာခင် လေပြေအရင်လာတယ်လို့ပြောရမလား အသက်ပိုင်းခြားတစ်ခုသို့ရောက်လာတဲ့အခါ ကလန့်ကဆန်ပုံစံလေးဖြင့် အစွယ်လေးထက်လာ၏။ကျွန်တော်သည် အထက်တန်းသို့တတ်ရောက်နေခဲ့ကာ 9တန်းတွင်စာသင်ကြားနေပြီဖြစ်သည်။ထိုကောင်လေးကတော့ အလယ်တန်း 7တန်းတွင် ပညာသင်ယူနေသည်။ပြဿနာသည်ထိုနှစ်တွင်စ၏။
'Jungkookie…ဘယ်မှာလဲ'
(Gameဆိုင်မှာhyung)
'hyungစောင့်နေရမလား လိုက်လာခဲ့ရမလား'
(နေနေhyung ကျွန်တော်လာခဲ့မယ်)
ချသွားသောဖုန်းလေးကို အိတ်ကပ်ထဲထည့်ရင်း နာရီကိုတစ်ချက်လှမ်းကြည့်ရသည်၊ အချိန်အားဖြင့် ၃နာရီကျော်ခဲ့ပြီ ဒီအချိန်ကကျောင်းဆင်းချိန်မလား သူကသာကျောင်းလစ်ပြီး ဂိမ်းလာဆော့နေတာ အတန်းမှန်သူhyungကတော့ ပြန်ချိန်တွင်သူအားစောင့်လို့နေ၏။
'ဟိတ်ကောင်တွေ ငါဒီတစ်ပွဲပြီးရင်လစ်ပြီနော်'
'ဘာလဲ ဟိုတစ်ယောက်ဖုန်းဆက်ခေါ်လို့လား'
'အေး… ငါမလာမချင်းhyungကစောင့်နေမှာ ပြန်မှာမဟုတ်ဘူး'
'မင်းတို့ကလဲညီအစ်ကိုရောဟုတ်ရဲ့လားကွာ'
အဖွဲ့ထဲမှ ပြောရဲဆိုရဲရှိသူ ဂန်ဒုံဟီးက သူမြင်သည့်အတိုင်း အပွင့်လင်းဆုံးပြောလာ၏။ဒီကောင်ကို ကြည့်နေတာကြာပြီ သူ့ဘဝသူမပိုင်သလိုပဲ ဟိုhyungဆိုတဲ့တစ်ယောက်ရဲ့ သွားရာနေစေရာထားဘဝမှာ ပျော်မွေ့နေတာ၊ အသက်ကဖြင့်ကြီးနေပြီ ခုထိဂိမ်းမဆော့တတ်ဘူး၊ ဒါတောင်အတင်းခေါ်လာလို့ ဂိမ်ဆိုင်ကိုရောက်ဖြစ်တာ။
ဟိုတစ်ယောက်ကလဲ အစ်ကိုလို့သာအမည်တပ်တာ အရာရာချုပ်ချယ်ချင်နေတာ သိသာနေတာပဲ၊ ဟိုဟာမလုပ်နဲ့ဒါမလုပ်နဲ့ဆိုပြီး နေရာတကာ ဆရာကြီးဝင်လုပ်တာကလဲ အမြင်ကပ်ဖို့ကောင်းတယ်။
'ငါတို့ကငယ်ငယ်လေးကတည်းကပေါင်းလာကြတာလေ ညီကိုအရင်းတွေလိုပါပဲ'
'မင်းကသာညီအစ်ကိုအရင်းလို့ထင်နေတာ ငါတော့အဲလိုမထင်ဘူး'
Jungkookကသွေးထိုးရတာအရမ်းလွယ်တယ်၊ ရိုးသားတဲ့သူဖြစ်နေတာကြောင့်လဲ ပါမှာပေါ့၊ ပျက်စီးပစ်ဖို့လဲ အရမ်းလွယ်လွန်းတယ်၊ လူတွေကိုသူအရမ်းယုံကြည်လွန်းနေတယ် အဲတာကြောင့်လဲ သူနဲ့သူ့ရဲ့ချစ်လှစွာသောhyungကြား သွေးထိုးဖို့က အရမ်းမခက်ခဲလှဘူး။
![](https://img.wattpad.com/cover/330707476-288-k463456.jpg)
YOU ARE READING
JEON (Completed)
Fanfictionအတိတ်ကဖြစ်ရပ်တွေကြောင့် တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေရာမှ လက်ထပ်ရန်အကြောင်းဖန်လာတဲ့အခါ... Jikook