စိတ်လေးလံမှုတွေနဲ့အတူ အိမ်သို့ပြန်သောလမ်းသည်လဲ ဒီနေ့မှပိုဝေးနေသလို၊ အိမ်ရောက်လို့Jiminရှိမနေရင်ဆိုတဲ့ အတွေးက အတော်ခြောက်ခြားစရာကောင်းလှသည်။မိုးရေစက်တွေဟာလဲ ဝမ်းနည်းခြင်းအထိန်းအမှတ်အဖြစ် သည်းကြီးမဲကြီးရွာချနေတော့သည်။
အိမ်သို့ရောက်တဲ့အခါ အရာရာတိုင်းသည်တိတ်ဆိတ်လို့နေ၏။မဲမှောင်လှသောအိမ်ကြီးသည်မူမမှန်တော့ပါ ဧည့်ခန်းတွေထမင်းစားခန်းတွေကိုမီးဖွင့်ကြည့်ခဲ့ပေမဲ့ မည်သူမှရှိမနေ၊ ညကြီးသန်းခေါင် အေးစက်လှတဲ့ရာသီဥတုမှာ တစ်ယောက်ထဲချွေးတွေပြန်နေခဲ့သည်။
စိုးရိမ်စိတ်များနဲ့အတူ အပေါ်ထပ်ကအခန်းဆီဦးတည်လိုက်ပေမဲ့ တံခါးကိုတော့မဖွင့်ရဲပါ၊ တံခါးဖွင့်လိုက်လို့ Jiminရှိမနေရင် ရူးသွားနိုင်ပါသည်၊ အခန်းရှေ့တွင် အချိန်တစ်ခုထိရပ်နေမိကာ ကိုးကွယ်ရာဘာသာတစ်ခု၏ဆုတောင်းခြင်းတွေကို ဆက်တိုက်ဆုဆောင်းနေမိသည်။
တုန်ရီနေသောလက်တစ်စုံဖြင့် တံခါးအားဖွင့်လိုက်ချိန် အခန်းသည်မှောင်မဲလို့နေ၏။
'Jimin…'
တိုးလျလျလေးခေါ်ပြီး အခန်းမီးဖွင့်လိုက်တော့ အိပ်ယာထက်ကစောင်အပုံလေးလှုပ်သွား၏။တော်သေးတာပေါ့ တစ်ကယ်ကိုတော်သေးတယ်၊ အခုမှပဲရင်ထဲက အလုံးကြီးကျသွားသလို အသက်ဝဝရှူနိုင်တော့သည်။
တစ်ကိုယ်လုံးလုံအောင် စောင်ခြုံထားကာအိပ်ယာထက်ခွေခွေလေး သူလဲပင်ပန်းနေသလို ကိုယ်လဲပင်ပန်းနေပြီဖြစ်၍ သွားတော့မနိုးရက် စောင်ပုံလေးကိုပဲငေးကြည့်ကာ ဘယ်ကနေဘယ်လိုလွဲမှားခဲ့ပြီး ဘယ်ကဘယ်လိုရှင်းပြရမလဲဆိုတာသာ တွေးနေမိသည်၊ ရိုတ်ရမဲ့ဖဲဝိုင်းတွေ ကားပြိုင်ပွဲတွေ ချိန်းထားတာတွေလဲ တစ်ခုမှခေါင်းထဲမရှိတော့။
မလှုပ်မယှက်စောင်ပုံလေးကိုကြည့်ရင်း လင်းခါနီးမှစပ်လာတဲ့မျက်စိကြောင့် လွတ်နေတဲ့ဘေးနားဝင်လှဲလိုက်သည်၊ လူလဲပင်ပန်းနေပြီဖြစ်၍ ခဏလေးအတွင်းအိပ်ပျော်သွားခဲ့ပါသည်။
"Jimin… အဲဒါဘယ်လဲ"
"ငါYoongi hyungနဲ့အတူတူ ဂျပန်မှာအခြေချတော့မယ်"
YOU ARE READING
JEON (Completed)
Fanfictionအတိတ်ကဖြစ်ရပ်တွေကြောင့် တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေရာမှ လက်ထပ်ရန်အကြောင်းဖန်လာတဲ့အခါ... Jikook