ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် လမ်းကြောပိတ်ဆို့မှုများဖြစ်ပွားနေ၏။သဲထန်စွာရွာသွန်းနေတဲ့ မိုးတွေကလဲ သည်းကြီးမဲကြီး။
လေပြင်းများလဲတိုက်ခတ်နေကာ Paradiseဆိုင်လေးသည် တံခါးများပိတ်လို့ထား၏။အပြင်ကရာသီဥတုနှင့်အညီ ဖွင့်ထားသောသီချင်းလေးက "Still with you"
သံစဉ်လေးကိုလိုက်ညည်းနေရင်း ညှိုးနေသောအရွက်လေးတွေအား လိုက်ညှပ်နေမိသည်၊
'Jimin ah…'
'အော်…!'
'တစ်ယောက်ယောက်ကိုချစ်မိသွားရင်ဘာနဲ့တူလဲ'
ဒေစီပန်းလေးတွေကို ရွေ့နေရင်းမှ မိုးရေစက်လေးတွေလာစင်သော ပြတင်းပေါက်ကိုကြည့်ရင်း အချစ်ဆိုတဲ့ အဓိပ္ပာယ်ကိုထယ်သိချင်နေမိ၏။
'ထောက်ချောက်တွေနဲ့တူတယ်'
'ဟမ်!'
'တစ်ယောက်ယောက်ကိုချစ်တယ်ဆိုတာ… ထောက်ချောက်တွေနဲ့ကစားရသလိုမျိုးပဲ ပိတ်မိသွားရင်လဲနာတယ် ထွက်ပြေးသွားနိုင်ပြန်တော့လဲ ပိုနာရတယ်…'
ဆွေးမြေ့နေသော မျက်ဝန်းအစုံဖြင့် လှမ်းကြည့်လာတဲ့အခါ Taehyungလဲသက်ပြင်းခပ်ဖွဖွလေးသာချမိ၏။မေးခွန်းတွေဆက်လဲမမေးတော့ပဲ ရွေ့စရာရှိတာရွေ့ရင်း ဖုန်သုတ်စရာရှိတာသုတ်ရင်း တိတ်တိတ်လေးငြိမ်ပေးလိုက်သည်။
'မင်းတို့မျှော်နေတဲ့သူ ဒီနေ့လာမယ်မထင်ဘူး'
နေကြာပန်းလေးတွေအား တယုတယလေးကိုင်ကာ ပြတင်းပေါက်အပြင်ဘက်ကိုငေးရင်း စကားပြောနေမိသည်၊ နေကြာတွေက နေလာမှလန်းတာမလား ဒီနေ့ရာသီဥတုအခြေနေကလဲ နေပွင့်ဖို့လမ်းမမြင်တာကြောင့် ထိုသို့ပြောလိုက်ခြင်းဖြစ်တယ်။
နေကြာလေးတွေက နေလာမှလန်းတာဆို သူကရော ဘယ်သူ့ကိုမျှော်နေရလို့ မျက်နှာလေးကညိုးငယ်နေရတာလဲ။
'Jimin ကော်ဖီသောက်မလား ငါဖျော်လိုက်မယ်'
'အင်း… သောက်မယ်'
ခုလိုရာသီဥတုက ကော်ဖီလေးတစ်ခွက်ရယ် စာအုပ်လေးတွေရယ် နားကြပ်လေးတစ်စုံရယ်ရှိယုံနဲ့ပြည့်စုံနေပြီ၊
YOU ARE READING
JEON (Completed)
Fanfictionအတိတ်ကဖြစ်ရပ်တွေကြောင့် တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေရာမှ လက်ထပ်ရန်အကြောင်းဖန်လာတဲ့အခါ... Jikook