Part-11

13.3K 866 124
                                    

ရေချိုးခန်းထဲမှထွက်လာသူသည်bathroomတစ်ထည်ကို လျော့တိလျော့ရဲချည်ထား၏။မို့မောက်နေသော ရင်အုပ်ကျယ်ကျယ်ကြီးကိုမြင်လိုက်ရတော့ Jiminမျက်နှာလေးရဲကနဲ့။

ရှက်ရှက်နဲ့ဘာမပြောညာမပြောဘဲ ရေချိုးခန်းထဲဝင်သွားလိုက်ကာ ရေပန်းအားဖွင့်ချလိုက်ပြီးအသက်လုရှူနေရသည်။

'ဒီကောင်လေးအတော်အရွယ်‌ရောက်လာတာပဲ'

Jungkookလဲရေချိုးခန်းထဲဝင်သွားသူကို နားမလည်သလိုကြည့်ပြီး သူလုပ်စရာရှိတာစလုပ်တော့သည်၊ ကုတင်ခေါင်းရင်းကိုခေါင်းအုံးခု၍မှီလိုက်ပြီး ကားပြိုင်ပွဲမှာကွက်ကျော်ရိုတ်သွားသောလူတွေ၏အချက်အလတ်တွေအားထိုင်လေ့လာနေသည်။

အချိန်ဘယ်လောက်ကြာသွားမှန်းမသိ ရေချိုးခန်းတံခါးဖွင့်သံတော့ကြားမိပါသည်၊ အသံတော့မကြားတာမို့ မော့အကြည့် နီနီရဲရဲရင်ဘတ်လေးကစောင့်ကြိုနေ၏။

"အဟွတ် အဟွတ်"

ရင်သားဖွေးဖွေးလေးတွေမြင်ဖူးတုန်းကဘာမှမဖြစ်ပေမဲ့ ဒီရင်ဘတ်နီနီလေးကျမှ ချောင်းတွေပါထဆိုးတာကတော့ ရုပ်ပေါက်ပါသည်။

'ခင်ဗျားအင်္ကျီမဝတ်ဘူးလား'

'ငါ့မှာ အင်္ကျီအပိုပါမလာဘူး'

'ကျစ်! အဲ့ဒါဆိုလဲစောစောကပြောလေဗျာ'

JKလဲသူ့ထဲမှာရှိတဲ့အသေးဆုံးဆိုဒ်အင်္ကျီနှင့်ဘောင်းဘီအားပစ်ပေးလိုက်သည်၊ တော်သေးတာပေါ့ဒယ်ဒီပိုင်တဲ့ဟိုတယ်ကိုလာလိုက်လို့ ဒယ်ဒီပိုင်တဲ့ဟိုတယ်တိုင်းမှာ အခန်းတစ်ခန်းအပိုင်ယူထားပြီး ကိုယ့်အိမ်ကိုယ့်ရာလိုအသုံးအဆောင် အဝတ်စားတွေရှိနေတာက ဒီလိုနေရာကျ အသုံးဝင်လာပါသည်၊

'အာရုံတွေကိုနောက်တယ်'

ရေချိုးခန်းထဲပြေးဝင်သွားတဲ့ လုံးလုံးလေးကတော့ ထိုစကားကိုမကြားလိုက်ရပါ၊

ဒုတိယအကြိမ်ရေချိုးခန်းတံခါးပွင့်လာတော့ အဝတ်စားလဲပြီးပြီဖြစ်၍ JKလဲချက်ချင်းမော့ကြည့်မိသည်၊ ချောင်းထပ်ဆိုးရပြန်ပါသည်

"အဟွတ် အဟွတ်!!!"

'ခင်ဗျား…'

အင်္ကျီကကိုယ်ဝတ်ရင်သာအတော်ဖြစ်ပေမဲ့ သူဝတ်လိုက်တော့ ပုခုံးတစ်ဖက်ကလျှောကျနေပြီး ကလေးကိုလူကြီးအင်္ကျီပေးဝတ်ထားသလိုပဲ မလိုက်မဖက်၊ ဘောင်းဘီကလဲကိုယ်နဲ့သာကျပ်ပြီးတိုနေတာ သူနဲ့ကျပေါင်တစ်ဝက်လောက်လေးနဲ့အနေတော်ပဲ။

JEON (Completed)Where stories live. Discover now