Part-24

12.2K 771 58
                                    

တစ်ကယ်စိတ်ကောက်သွားပုံပေါ်ပါသည် တစ်ခါမှမလုပ်ဖူးသောအလုပ်ကို လုပ်နေ၏။အိပ်ယာထက်ထိုင်ကာ ဖုန်းသုံးနေရင်းမှ Jiminဝင်လာတာလဲမြင်ရော ဖုန်းကိုပိတ်ပစ်ကာ စောင်ကိုခေါင်းထိခြုံပြီး တစ်ဖက်လှည့်ကာ အိပ်ချင်ယောင်ဆောင်တော့သည်။မျက်စောင်းပါအဆစ်ထိုးသွားတာကြောင့် Jiminမှာထပ်အံ့ဩရပြန်ပါသည်။

လူကသာရှိုးအပြည့်နဲ့daddyပုံဖမ်းချင်တာ အပြုအမူတွေက တစ်ကယ့်ကလေးပဲ၊ ကလေနဲ့ဖက်ပြီးရန်မဖြစ်နိုင်သလို ပြိုင်ပြီးလဲစိတ်မကောက်နိုင်တာကြောင့် လျစ်လျူရှူထားလိုက်တယ်။စိတ်ကောက်လဲကောက်ပါစေပေါ့။

~~Park Jimin~~

-------------------

ချော့မယ်အထင်နဲ့ တစ်ညလုံးစိတ်ကောက်နေတာ မချော့တဲ့အပြင် အဖက်တောင်မလုပ်ပါ၊ အခန်းထဲဝင်လာကတည်းက ခြေလှမ်းတွေကိုနားစိုက်ထောင်ပြီး ဘယ်တော့အိပ်ယာထက် တက်လာကာချော့မလဲဆိုပြီးစောင့်နေတာ၊ အိပ်ယာပေါ်တော့တတ်လာပါတယ် ချော့ဖို့တော့မဟုတ်ဘူး အိပ်ဖို့။

စောင်ထဲဝင်ခွေတာက အချော့မခံရဘူးဆိုတာသိတော့ အသက်ရှူသံတွေကို ပြင်းအောင်အကျယ်ကြီးရှူပြလဲအချော့မခံရပါ၊ နောက်တော့ စောင်တွေအားလုံးကိုကန်ထုတ်ပစ်ကာ ဘေးမှာရှိနေသော ဖက်လုံးကိုပါကန်ပစ်လိုက်သည်။

ကိုယ်ကသာအချော့ခံရဖို့ သောင်းကျန်းပြနေတာ သူကတော့ဘေးစောင်းအိပ်နေရာမှ ဟန်မပျက် တစ်ချက်မှမလှုပ်။

'Jimin…အိပ်သွားပြီလား'

'Park Jimin…'

အသက်ရှူသံလေး ပုံမှန်ဖြစ်နေတာကိုကြားရတော့ စိတ်အလိုမကျကာ အိပ်ယာထက်လူးလှိမ့်ပစ်လိုက်သည်၊ မချော့ရကောင်းလားဆိုတဲ့ခံပြင်းစိတ်နဲ့ ဘယ်ချိန်မှအိပ်ပျော်သွားလဲမသိ။

ရုတ်တရက်လန့်နိုးလာတော့ 9နာရီထိုးချေပြီ၊ ဘေးတွင်လဲJiminမရှိတော့ ဒီချိန်ဆိုပန်းဆိုင်ရောက်နေလောက်ရောပေါ့ ပန်းဆိုင်ရောက်နေတာအရေးမကြီးပေမဲ့ မနေ့ကလိုMin Yoongi ဆိုတဲ့လူနဲ့တွေ့နေမှာဆိုးတာကြောင့် အိပ်ယာထဲကချက်ချင်းပြေးထွက်ကာ အောက်ထပ်ကိုအမြန်ဆင်းလာလိုက်သည်။

JEON (Completed)Where stories live. Discover now