Part-34🚨

19.7K 577 49
                                    

လူတိုင်းမှာအချစ်ဦးကိုယ်ဆီရှိခဲ့ကြမှာပဲ ငါ့ဘဝရဲ့အချစ်ဦးကတော့ ခုလက်ရှိငါ့အမျိုးသားJeon Jungkookပဲ။

ဘဝမှာပထမဆုံးသဘောကျရတဲ့အမျိုးသားလဲဖြစ်သလို ပထမဆုံးပွင့်တဲ့နှလုံးသားထဲကပန်းလေးလို့ပြောရင်လဲမမှားဘူး၊

အချစ်ဦးဟာလူတွေကိုရူးစေနိုင်တယ်တဲ့ ငါလဲမောင့်ကြောင့်ရူးခဲ့ရတဲ့အခိုက်တန့်တွေရှိတာပေါ့...
သိပ်ကိုတောက်ပလွန်းလှတဲ့ မျက်ဝန်းတစ်စုံ၊ ဖော်ရွေစွာပြုံးတတ်တဲ့ အပြုံးလှလှလေးတွေ၊ လက်ဖျံတစ်လျှောက်က ခပ်ကောက်ကောက်သွေးကြောစိမ်းတွေဟာ ငါရူးရခြင်းရဲ့အကြောင်းရင်းတွေပေါ့။

မောင်ဟာငါ့ရဲ့oxygenဆိုလဲမမှားဘူး၊ လူတွေကအသက်မရှူပဲမနေနိုင်သလို ငါလဲမောင်မရှိပဲမနေနိုင်ဘူး၊ မောင့်ဆံနွယ်လေး မောင့်မေးရိုးလေး မောင့်အပြုံးလေး နှုတ်ခမ်းအောက်ကမှဲ့နက်လေးထံမှာ ငါဟာကျဆုံးပြီးရင်းကျဆုံးနေသူပါ။

ငါသိပ်ချစ်ရတဲ့အမျိုးသားက ငါ့ကိုချစ်တယ်လို့ဆိုလာတုန်းက ရင်ထဲလိပ်ပြာလေးတွေပျံဝဲသွားတာကိုတော့ ထိုအမျိုးသားသိမယ်မထင်ပါ၊

ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပြန်ချစ်တဲ့အခါ ငါတို့ဟာအတိုင်းမသိပျော်ရွှင်ရပါတယ်၊ စချစ်ပေမဲ့ ဆက်ချစ်ပေးတဲ့ချစ်ခြင်းမေတ္တာတွေကြား ငါအခုတော်တော်နေသားကျကာ ပျော်ရွှင်နေပါပြီ။

မောင်လို့ခေါ်လိုက်တိုင်း "ဗျာ"လို့ထူးတာလေးကိုလဲသဘောကျတယ်၊ မောင်ခေါင်းတိုးချွဲနိုင်တဲ့ရင်ခွင်တစ်စုံဖြစ်ခွင့်ရတဲ့အတွက်လဲ ဝမ်းသာမိတယ်၊ မောင့်ကိုပိုင်ဆိုင်ခွင့်ရတာကတော့ အတိုင်းမသိဝမ်းသာခြင်းပေါ့။

ချစ်တယ် မြတ်နိုးတယ် ဒီစကားကိုငါအထပ်ထပ်အခါခါပြောလဲ ထိုအမျိုးသား Jeon Jungkook တစ်ယောက်ထဲအတွက်သာရည်ရွယ်ပါသည်။

~~~~~ Park Jimin ~~~~~

----------------------

'ဒီဆိုင်လေးကမဆိုးဘူးနော်မောင်'

'မောင်သေချာရွေးထားတာလေ'

'ငါတို့ဓာတ်ပုံရိုတ်ကြမလားမောင်'

အမေးပဲရှိတာအဖြေကိုမစောင့် ချက်ချင်းဖုန်းလေးထုတ်ကာ cameraချိန်နေပြီ၊ မောင့်မှာဘာမှပြန်ဖြေချိန်မရလိုက် လက်ကလေးနှစ်ချောင်းထောင်ကာposeပေးလိုက်ရသည်။

JEON (Completed)Where stories live. Discover now