ဆိုင်သူလေးသည်အိပ်ယာထက်တွင် တပင်ခွေထိုင်နေကာ computerကိုပေါင်ပေါ်တင်ထားရင်း "Paradise" page မှစာမှန်သမျှကို ထိုင်ပြန်နေသည်။
ကြမ်းတမ်းလှတဲ့တံခါးဖွင့်သံကြောင့် လှမ်းကြည့်မိတော့ တစ်မိုးအောက်တစ်ယောက်မောင်ဖြစ်နေသည်။
မောင်ကအနားမရောက်သေးဘူး မောင့်ဆီကအရက်နံ့တွေကတော့ နှာခေါင်းထဲအတင်းဝင်လာကာ လူပါမူးချင်လာသည်အထိ အနံ့တွေသည်ပြင်းလှ၏။
အိပ်ယာတစ်ခြမ်းအိသွားတာကိုသိပေမဲ့ဂရုမစိုက်မိ ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေလို့ အရက်သမားမောင့်ကို attention မပေးနိုင်။
'ဘာတွေလုပ်နေတာလဲမောင့်Jimin…'
'………'
'မောင့်နားလာပါအုံး…'
မောင့်လက်တွေသည် ဘယ်လောက်တောင်အားတွေရှိနေလဲမသိ လူကိုဆွဲခေါ်လိုက်တာများ အရုပ်လေးတစ်ရုပ်ကိုဆွဲလိုက်သလိုပင်။
တပင်ခွေအတိုင်းလေးပဲ မောင့်လက်ထဲပါသွားကာ မောင့်ရင်ခွင်ကြီးထဲရောက်သွားရသည်။
'ဒီမှာကြည့်… မောင်မင်းကိုပြစရာရှိတယ်'
ဖုန်းထဲကဘာကိုရှာနေမှန်းမသိသောမောင်သည် ခေါင်းလျှော်ပြီးခါစဆံပင်တွေကို ငုံ့နမ်းနေသေးသည်။
'တွေ့ပြီဗျာ…မမိုက်ဘူးလား'
မျက်စိရှေ့ရောက်လာသောဖုန်းထဲကပုံသည် ပြိုင်ကားပုံဖြစ်၏။မောင့်ကိုတစ်ချက်မော့ကြည့်မိတော့ မောင်ကဖုန်းကိုမျက်စပစ်ပြ၏။
'မမိုက်ဘူး! ဖယ်…ငါအလုပ်လုပ်နေတာ မနှောင့်ယှက်နဲ့…'
'အလုပ်ကမောင်မရှိလဲလုပ်နေရတာပဲကို ခုမောင်ရှိတုန်းလေး ပြတာလေးကြည့်ပြီး မောင့်ကိုအချိန်ပေးပါအုံးလား အချစ်ဆုံးလေးရဲ့…'
နှုတ်ခမ်းပါးတွေသည် အိစက်နေသောပါးလေးကိုနစ်ဝင်သွားအောင်အထိ နမ်းချလိုက်သည်။
'မွှေးနေတာပဲဗျာ…'
'လာမနမ်းနဲ့…မင်းကညစ်ပတ်တယ် ငါအခုမှရေချိုးပြီးတာ'
'ခဏနေလဲ ပြန်ညစ်ပတ်မှာပဲကို အဲကျမှရေတူတူပြန်ချိုးကြတာပေါ့…'
YOU ARE READING
JEON (Completed)
Fanfictionအတိတ်ကဖြစ်ရပ်တွေကြောင့် တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေရာမှ လက်ထပ်ရန်အကြောင်းဖန်လာတဲ့အခါ... Jikook