'လူကြီးရေ…လူကြီးရေ…လူကြီးရေ…'
မနက်ခင်းတိုင်းကြားနေကြအသံလေးကိုလျစ်လျူရှူကာ ခေါင်းအုံးကိုခေါင်းပေါ်ဖိပြီးပြန်အိပ်ဖို့ကြိုးစားသည်။
'လူ…ကြီး…!!! လူကြီးရေ…'
ဘယ်လောက်အော်အော်အိပ်တုန်း ဆောင်ကိုတစ်ကိုယ်လုံးလုံအောင်ဆွဲခြုံထားကာ ခေါင်းကလဲခေါင်းအုံးအောက်မှာ။
'ဘယ်လိုကြီးလဲကွာ…သူများတွေကျလူကြီးရေဆိုတာနဲ့ရေပါပြီးသား ဒီလူကြီးကျအဖက်တောင်မလုပ်ဘူး'
ကုတင်ပေါ်လွှားကနဲ့ခုန်တတ်ကာ အိပ်နေသူဘေးတပင်ခွေလေးဝင်ထိုင်ကာ မှေးလေးထောက်ရင်းညည်းညူနေသူသည် ဆံပင်အရောင်အသစ်အဆန်းလေးနဲ့။
'မဖြစ်သေးပါဘူး နာမည်နောက်မှာရေတပ်ခေါ်လိုက်တာနဲ့ ရေပါခပ်လာတဲ့သူမျိုးရှာအုံးမှ…အင့်…'
စကားလေးအဆုံး မှေးထောက်ထားတဲ့လက်ကလေးဆွဲချခံလိုက်ရကာ တစ်ခဏအတွင်းစောင်တွေနဲ့လုံးထွေးသွားတဲ့ခန္တာကိုယ်လေးနှစ်ခု။
'ထယ်သိသားပဲ လူကြီးနိုးနေပြီဆိုတာ'
'ဒီညစ်ပတ်ကလေးကိုဘယ်လိုအပြစ်ပေးရမလဲပြော'
'ထယ်ဘယ်မှာညစ်ပတ်လို့လဲ ရေချိုးထားပါတယ်နော် လူကြီးကသာညစ်ပတ်တာ…'
'ဟိတ်…ဟိတ်…လူကြီးဆိုလိုတာအဲဒါမဟုတ်မှန်းသိရဲ့သားနဲ့နော်…'
'သိပါဘူး…'
နှုတ်ခမ်းလေးဆူထော်ကာ မျက်နှာလေးတစ်ဖက်စောင်းသွားတော့ Min Yoongi တို့အူယားကာ လည်တိုင်းဖွေးဖွေးလေးကိုကိုက်ချလိုက်သည်။
'အ့…နာတယ်လူကြီး…'
'ပြော.....ဒါလေးကနောက်တစ်ခါအစောကြီးနိုးနေရင် သူများအိပ်နေတာကိုနှောင့်ယှက်အုံးမလား'
'ခစ်ခစ်…မလုပ်တော့ဘူးလို့…ယားတယ်လူကြီး…'
'လာခဲ့စမ်း…မင်းကိုဖျက်စီးပြမယ်'
'လူကြီးရေ…ထယ်ရေပြန်မချိုးချင်ဘူးလို့…'
ရေပြန်မချိုးချင်တဲ့အလှလေးကို Min Yoongi တို့ညစ်ပတ်စွာ အရယူသည်၊ ထယ်ကလဲငြင်းသာငြင်းတာ ရီသံသေးသေးလေးလေးတွေနဲ့ လူကြီးတံဆိပ်ခတ်သမျှကို အကုန်ပေးပြစ်သည်။
YOU ARE READING
JEON (Completed)
Fanfictionအတိတ်ကဖြစ်ရပ်တွေကြောင့် တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေရာမှ လက်ထပ်ရန်အကြောင်းဖန်လာတဲ့အခါ... Jikook