gay bar ရှေ့ထိုးရပ်လာတဲ့ကားတစ်စီး၊ နက်မှောင်နေတဲ့BMWနောက်ဆုံးပေါ်ကားကြီးက လူတိုင်းအာရုံကိုဆွဲဆောင်နိုင်ပေမဲ့ ကားထဲကလူကတော့မျက်နှာကိုပိုတည်တင်းလိုက်ပြီးဆင်းဖို့ပြင်သည်။
gay bar ဆိုတဲ့အတိုင်းသရုပ်ပျက်လူများစွာရှိကြပြီး မရှက်မကြောက်စွာbarအဝင်ပေါက်ရှေ့နမ်းနေကြသူများလဲရှိ၏။အထဲတောင်မဝင်ရသေးပဲ barရှေ့မှာတင်အတွဲတွေတစ်သီတစ်တန်းကြီးက နမ်းရှိုက်နေကြတာမက်မက်မောမော။
နက်ဆွေးနေတဲ့ကားတံခါးကြီးဖွင့်လာပြီး ခြေတံသွယ်သွယ်လေးအရင်ထွက်လာ၏။ထိုခြေတံတွေရဲ့ပိုင်ရှင်ကလဲ တစ်ကိုယ်လုံးအနက်ရောင်ကိုသာဆင်မြန်းထား၏။
ကျပ်ထုပ်နေတဲ့ အမဲရောင်ဘောင်းဘီကကောက်ကြောင်းလှလှလေးကို ပိုပေါ်လွင်စေ၏။အိပ်ထောင်ထဲလက်နှစ်ဖက်ထည့်ကာ ရပ်နေပုံက နမ်းနေတဲ့အတွဲများပင်ဆက်မနမ်းကြတော့ပဲ ထိုလူသားလေးကိုငေးနေလိုက်တာများ ပိုင်ရှင်ကြီးဆင်းလာတာတောင်သတိမထားမိကြဘူး။
ဆိုင်သူလေးဘေးကိုမောင်လာရပ်နေပေမဲ့ အကြည့်တွေလွဲမသွားကြသေး၊ အကုန်လုံးကိုမောင်ကမျက်ထောင့်နီကြီးနဲ့လိုက်ကြည့်နေပေမဲ့ အားလုံးကမောင့်ကိုစိတ်မဝင်စား မောင့်ဘေးကအလှနတ်ဘုရားလေးကိုသာငေးနေကြသည်။
အဲဒါတွေမဖြစ်တာ၊ ဒီလိုတွေဖြစ်မယ်ဆိုတာသိလို့ မလိုက်ခဲ့ပါနဲ့ပြောတာကိုမရဘူး ဟိုကောင်တွေကလဲချိန်းစရာနေရာရှားလို့ gay barမှရွေးချိန်းရတယ်လို့။
"မောင့်Jimin ကားထဲပြန်ဝင်"
"မဝင်ပါဘူး ဘာလို့ဝင်ရမှာလဲ"
"အိမ်ပြန်တော့မှာ"
"ဒီထိရောက်လာပြီကို ဘယ်အိမ်ကိုပြန်မှာလဲ အထဲမဝင်ဘူးလား"
"မဝင်ဘူး အိမ်ပြန်မယ်ကားပေါ်တတ်"
"မပြန်ဘူး ပြန်ချင်မောင့်ဘာသာပြန်"
"ကျစ်! အန္တရာယ်တွေကိုမောင့်Jiminမမြင်တာလား"
"ဘယ်မလဲအန္တရာယ်တွေ"
မောင်ကသက်ပြင်းချကာ ခါးကြီးထောက်လိုက်ပြီး ဆိုင်သူလေးကိုကြည့်နေသူမှန်းသမျှကို လက်ညိုးငေါက်ငေါက်ထိုးပြသည်။လက်ညိုးထိုးခံလိုက်ရမှ ငမ်းသမျှလူတွေကမျက်စိလွဲသွားကြတော့တယ်။
YOU ARE READING
JEON (Completed)
Fanfictionအတိတ်ကဖြစ်ရပ်တွေကြောင့် တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေရာမှ လက်ထပ်ရန်အကြောင်းဖန်လာတဲ့အခါ... Jikook