"ဟီး…ဟီး…"
'Jeon Jimin ငိုပဲငိုနေတော့မှာလား'
'ပျော်တာကိုလို့…ဟီး…'
Eiffel Tower ကပြန်ရောက်ကတည်းက ပန်းစည်းနှစ်ခုလုံးကိုပိုက်ကာငိုနေသူသည် ယခုထိမတိတ်သေး၊ အဖြူရောင်အိပ်ယာထက် ပန်းစည်းတွေကို ကျစ်နေအောင်ပိုက်ကာ အာပြဲကြီးနဲ့ငိုနေသူကို မြစ်ထဲသာသွားမျောလိုက်ချင်တော့သည်။
တစ်ကယ်တော့မလုပ်ရက်ပါ တစ်အားတွေချစ်ဖို့ကောင်းနေတော့ ဘယ်သူနေနေသွားဆယ်ပြီး မသွားရင် ရင်ကွဲသေရချည်ရဲ့၊
'လာပါအုံးမောင့်ဆီ…'
ကုတင်စွန်းတွင်ဝင်ထိုင်လာသူမောင်က လက်နှစ်ဖက်ဆန့်တန်းကာ ရင်ခွင်ထဲခေါ်တော့ မျက်ရည်များကြားထဲမှ ပန်းစည်းလေးတွေအား ဘေးအသာချကာ မောင့်ရင်ခွင်ထဲချွဲရန်ဝင်သွားလိုက်ပြီး မျက်နှာလေးကိုဖွက်ထားလိုက်သည်။
'မျက်နှာလေးပြပါအုံး ဘယ်လောက်တောင်ငိုထားလဲဆိုတာကြည့်အုံးမယ်'
'မကြည့်နဲ့… ရုပ်ဆိုးတယ်'
ရင်ခွင်ထဲကမျက်နှာလေးသည် နည်းနည်းမှမော့မလာ၊
'မောင့်Jiminကရုပ်ဆိုးတဲ့အချိန်လဲရှိသေးတာပဲလား ပြပါအုံးရုပ်ဆိုးတာလေးကဘယ်လိုလေးလဲဆိုတာ မောင်ကြည့်အုံးမယ်'
မျက်နှာလေးကိုဆွဲမော့တော့ လက်ကလေးနှက်ဖက်ဖြင့် ကွယ်ထားသေးသည်။
'မကြည့်နဲ့လို့ ရုပ်ဆိုးပါတယ်ဆို…'
'ကြည့်ချင်တာအရမ်းပဲ'
အတင်းအုပ်ထားသောလက်ကလေးနှစ်ဖက်ကို ဆွဲခွါလိုက်တော့ မျက်ရည်ဗလနဲ့မျက်နှာဖောင်းဖောင်းလေးက စောင့်ကြိုနေ၏။အတော်ငိုထားပုံရပါသည် မျက်လုံးလေးတွေအစ်မို့နေတာပဲ။
'တွေ့လားရုပ်ဆိုးပါတယ်ဆို…'
မောင့်ကိုတစ်ချက်သာမော့ကြည့်ပြီး လက်နှစ်ဖက်ကမျက်နှာလေးကို ပြန်အုပ်သွားသည်။
'ချစ်စရာလေးကိုဘယ်နားရုပ်ဆိုးတာလဲ လက်ကလေးတွေဖယ်ပါအုံးဗျ'
'ဟင်အင့်…'
လက်ကလေးနှစ်ဖက်ကိုအတင်းဖုံးထားကာ ခေါင်းလေးခါယမ်းပြပုံလေးက အသည်းယားစရာ၊ ရင်ခွင်ထဲကအကောင်ပေါက်လေးသည် အတော်ချစ်ဖို့ကောင်းနေပါသည်။
YOU ARE READING
JEON (Completed)
Fanfictionအတိတ်ကဖြစ်ရပ်တွေကြောင့် တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေရာမှ လက်ထပ်ရန်အကြောင်းဖန်လာတဲ့အခါ... Jikook