Jiminမပျောက်ခင်နာရီပိုင်းအလို~~
'မလာလဲရပါတယ်ကွာ'
(ဘယ်ဖြစ်မလဲ အစ်ကိုတစ်ခုခုထပ်ဖြစ်သွားရင်ကျွန်တော်တို့အားလုံးပဲရင်ကျိုးရမှာ အစ်ကိုဟီဂျယ်ရဲ့လူတွေရှိသေးတယ်မလား)
'ပြန်လွှတ်လိုက်ပြီ သူတို့လဲနေ့မနားညမနားနဲ့ပင်ပန်းနေရှာမှာ အစ်ကိုကအဆင်ပြေတာမို့ကိစ္စမရှိပါဘူး'
(လုပ်ပြီ အစ်ကိုကတော့ဗျာ… နောက်ဆယ်မိနစ်လောက်ဆိုကျွန်တော်ရောက်တော့မယ် အစ်ကိုအခန်းထဲကပဲစောင့်နေနော် အပြင်ထွက်မလာနဲ့)
'အင်းပါ ကားကိုဖြည်းဖြည်းမောင်းအုံး'
ဆေးရုံဆင်းရမဲ့ရက်မို့ လူကအရမ်းကြည်လင်နေကာ ပြုံးလို့ပျော်လို့၊ သီချင်းလေးညည်းရင်း အဝတ်စားထုပ်လေးအားပြင်ဆင်ကာ ဆေးရုံအငွေ့သက်လေးများကိုအပြည့်အဝရှူရှိုက်ကြည့်နေမိ၏။
ပိတ်ထားတာကြာလှပြီဖြစ်သောပန်းဆိုင်လေးကို ပြန်ဖွင့်ရတော့မည်၊ ဖောက်သည်တွေလဲအတော်စိတ်ပူနေလောက်ရောပေါ့ ပန်းလေးတွေလဲ ရေလောင်းမဲ့သူမရှိတော့ညိုးကုန်ပြီလားမသိ။
နေမင်းနဲ့ဝေးကွာနေတဲ့နေကြာလေးတွေလဲ ဝမ်းနည်းနေရှာရောလား၊ ဒီတစ်ခေါက်ဆိုင်ပြန်ဖွင့်ရင် အရင်ကထက်ပန်းလေးတွေကို ပိုလှအောင်ပြင်ဆင်ရမယ်။
ပန်းဆိုသည့်အကြောင်းတွေးမိမှ ပန်းစည်းတောင်းထားသော လူဆိုးကောင်အကြောင်းကလဲခေါင်းထဲဝင်လာ၏။ဘာစိတ်ကူးပေါက်ပြီး ပန်းစည်းတောင်းသွားလဲဆိုတာတော့ ကာယကံရှင်သာသိပါလိမ့်မည်၊ ပေးမယ်ဆိုတဲ့ကတိလဲရှိသေးတာမို့ ဘယ်ပန်းအမျိုးစားလေးပေးရမလဲဆိုတာ googleခေါက်နေမိ၏။ပထမဆုံးပေးမဲ့ပန်းစည်းလေးကိုတော့ အဓိပ္ပာယ်လေးနက်စေချင်ပါသည်။
'လူနာ…'
လူနာဆိုတဲ့အသံတွေရင်းနှီးဖူးပေမဲ့ ယခုခေါ်လိုက်တဲ့အသံကတော့စိမ်းသက်လွန်းလှ၏။မရင်းနှီးသည့်အငွေ့သက်များဝင်လာတာကြောင့် ချက်ချင်းလှည့်ကြည့်မိတော့ ဆရာဝန်ပုံစံဝတ်ဆင်ထားကာ maskတပ်ထားသောလူသုံးဦးက မသင်္ကာစရာ။
YOU ARE READING
JEON (Completed)
Fanfictionအတိတ်ကဖြစ်ရပ်တွေကြောင့် တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေရာမှ လက်ထပ်ရန်အကြောင်းဖန်လာတဲ့အခါ... Jikook