Part-3

12.3K 809 8
                                    

အခမ်းနားဆုံး ပြင်ဆင်မှုများနှင့် မွှေးကြိုင်လှသော ရနံ့တို့က လူတိုင်း၏စိတ်ကိုဆွဲဆောင်နေသယောင်၊ ခပ်ကြီးကြီးဘုတ်ပြားပေါ်တွင် ထွင်းထုထားသောနာမည်လေးက"Paradise"တဲ့…။

ပန်းမျိုးစိတ်ပေါင်းများစွာကို ခင်းကျင်းပြသထားပြီး ကောင်တာလေးကလဲ သေသေသပ်သပ်၊ ပိတ်ထားသောတံခါးလေးတွင် ချိတ်ဆွဲထားသည်က"welcome"ဆိုတဲ့ဘုတ်ပြားလေး။ဒါ့အပြင် ခေါင်းလောင်းလေးပါ အပိုချိတ်ဆွဲထားကာ လူဝင်လာသည်နှင့် ထိုခေါင်းလောင်းလေးမှ အသံထွက်ပေါ်လာပုံကလဲ တစ်မျိုးလေး။

အတွင်းပိုင်းတွင် ဥယာဉ်လေးသဖွယ်ပြင်ဆင်ထားမှုကြောင့် စိတ်ကူးယဉ်ကမ္ဘာထဲပဲ ရောက်သွားသလိုလိုနှင့် ဆန်းကြယ်လှ၏။ထိုနေရာလေးကတော့ Parkမျိုးစု၏ အကြီးဆုံးသားလေးပိုင်သော Paradiseပန်းဆိုင်လေးဖြစ်၏။

စီးပွားရေးလုပ်ငန်းသမားများသာ တတ်ရောက်ကြပြီး ချီးကျူးသံတို့ဟာလဲ ဆိုင်လေးထဲ လွင့်လွင့်ပျံ့ပျံ့၊ အကြီးဆုံးသားမို့ ကုမ္ပဏီအလုပ်ကိုသာ လုပ်ရမည်ဆိုသည့် တစ်သွေးတစ်သံအမိန့်သည် ဒီမိသားစုလေးထဲတွင်တော့ရှိမနေပါ၊ ဒါ့ကြောင့်လဲ အပြင်လူများကပါ အကြီးဆုံးသားပန်းဆိုင်ဖွင့်ခြင်းအပေါ် မည့်သည်ဝေဖန်မှုများ၊ ကဲ့ရဲ့ရှုတ်ချခြင်းများ မပြုလုပ်ပါ၊

'သားရေ ရှေ့မှာဧည်သည်တွေရောက်နေတယ် ထွက်ကြိုလိုက်ပါအုံး'

'ဟုတ်ကဲ့ မေမေ'

15ပေလောက်သာ ကျယ်သောဆိုင်လေးထဲတွင် လူမပြတ်ခဲ့၊ ဧည့်ခံကျွေးမွေးသော ကိတ်နှင့်ကော်ဖီကလဲ အကောင်းဆုံးတွေကိုသာ ပြင်ဆင်ထားတာကြောင့် စိတ်ကျေနပ်မှု အပြည့်အဝရစေ၏။

လာသမျှ ဧည့်သည်တိုင်းကို မမောနိုင်မပန်းနိုင် ပြေးပြေးကြိုရတာကို သဘောကျမိ၏။ဆိုင်နဲ့ပတ်သတ်ပြီး ချီးကျူးတိုင်းလဲ ပါးလေးတွေရဲလာကာ ရှက်မိပြန်သည်၊

'ဟာ ဥက္ကဌ‌ဆော့လာဗျာ ကျွန်တော်တို့မျှော်နေတာ'

'လမ်းမှာကားတွေကျပ်နေတာနဲ့ နောက်ကျသွားတာဗျို့ ဒါနဲ့ခင်ဗျားသားကြီးနဲ့မိတ်ဆက်ပေးအုံးလေ'

JEON (Completed)Where stories live. Discover now