(အစ်ကိုကကျွန်တော့်ဆီတောင် ဖုန်းလေးတစ်ချက်မဆက်ဘူး)
'မအားလို့ပါကွာ'
(မအားလဲ တစ်ပတ်တစ်ခါလောက်တော့ဆက်ပေးပါ အစ်ကိုဖုန်းမဆက်ရင်လူကနေလို့မကောင်းတော့ဘူး)
Screenထက်ကဟာရူလေးသည် မျက်နှာငယ်လေးဖြင့် သနားဖွယ်ရာတောင်းဆိုလာ၏။
'အင်းပါ နောက်ဆိုအစ်ကိုဘက်ကနေစပြီးဖုန်းဆက်မယ် ဟုတ်ပြီလား'
ဟာရူလေးနဲ့ video callတွေပြောနေရင်းမှ ဟာရူလေးထထချွဲရင် အိမ်ကမလိမ္မာတဲ့ကလေးကြီးကိုသတိရမိ၏။ဒီချိန်ဘာများလုပ်နေမလဲ စိတ်ဆိုးပြေသွားပြီလားလို့တွေးမိတော့ ခေါင်းခါမိ၏။
သူစိတ်ဆိုးသေးလား မဆိုးတော့ဘူးလားဆိုတာ ငါကဘာလို့ဂရုစိုက်နေရတာလဲ၊ Jiminလဲကိုယ့်ပါးကိုယ်အသာပြန်ရိုတ်ကာ အသိစိတ်ကပ်အောင်လုပ်ယူနေရ၏။
(အစ်ကိုကျွန်တော်အစည်းဝေးသွားရတော့မယ်)
'အင်း…ဒါဆိုအစ်ကိုဖုန်းချလိုက်တော့မယ်နော်'
(ချစ်တယ်နော်အစ်ကို ဘိုင့်ဘိုင်)
တာ့တာလေးပြကာ screenလေးငြိမ်သက်သွား၏။Jiminလဲဘေးက ကော်ဖီခွက်လေးအား တစ်ငုံသောက်ကာ သက်ပြင်းချမိ၏။တပ်ထားသောမျက်မှန်အဝိုင်းလေးအားချွတ်ကာ ခြေဆန့်လက်ဆန့်လုပ်နေတုန်း…
"ဒုန်း…! ဒုန်း…!"
'အစ်ကိုလေး!! အစ်ကိုလေးJimin!!'
'ဘာဖြစ်တာလဲ'
'ဟိုလေ…ဟို…သခင်လေး…သခင်လေး'
'Jungkook?'
'သခင်လေး…'
အိမ်အကူကောင်မလေး၏ ကြောက်လန့်နေသောပုံစံနှင့် ပြတ်တောက်နေသောစကားတို့ကို စိတ်မရှည်စွာ အောက်ထပ်သို့ပြေးဆင်းလာလိုက်သည်။Jeon Jungkook ဘာတွေထပ်ပြီး မွှေထားလဲလို့ပေါ့။
'အားးး!!'
ဆူလိုက်ဖို့ ရိုတ်လိုက်ဖို့ပြေးလာပေမဲ့ Jungkookသည်သွေးအိုင်ထဲလဲနေသည်၊ ရဲရဲတောက်နေသောသွေးတို့သည် သူ့ထက်ငါအပြေးစီးဆင်းနေကြသလို၊
လန့်သွားတာကြောင့် အော်မိကာ ခြေလှမ်းတို့အားနောက်ဆုတ်မိ၏။
YOU ARE READING
JEON (Completed)
Fanfictionအတိတ်ကဖြစ်ရပ်တွေကြောင့် တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေရာမှ လက်ထပ်ရန်အကြောင်းဖန်လာတဲ့အခါ... Jikook