Part-32

11.7K 674 63
                                    

'Jimin…'

'မောင့်Jimin…'

နားနားသို့တိုးကပ်ကာ ခေါ်သောနာမ်စားလေးတစ်ခု၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသူသည် ဖက်လုံးလေးဖက်ကာ အိပ်ကောင်းတုန်း။

'Jeon…Jimin…'

အင့် အဲ ဆိုသည့်အသံသာထွက်လာပြီး လူကတော့အိမ်မက်ကမ္ဘာထဲ အခြေချတုန်း။Jeonကကုတင်ပေါ်ဘေးတစ်စောင်းထိုင်နေကာ သူ့အသဲအသက်လေးကို နိုးနေသည်။

ခါးလေးကိုင်ကာ နားနားကပ်အမည်ခေါ်လဲ ဆိုင်သူလေးကမနိုး၊ ဖင်လေးပုတ်ကာနိုးတော့လဲ မနိုး၊ ဘယ်လိုနိုးနိုးကို မနိုးနိုင်တဲ့ကာလနဂါးပိစိကွေးလေးရဲ့ ပါးကိုမနိုးမချင်းကိုက်နေလိုက်သည်။

'ယား…ယားတယ်လို့'

ထိုအခါမှ ထွက်ပေါ်လာတဲ့ခပ်အက်အက်အသံလေး။

'ထတော့…'

'အင်း…ဘယ်ချိန်ရှိနေပြီလဲ အိပ်အုံးမယ်'

'ထပ်အိပ်ရင်နောက်ကျလိမ့်မယ် လိမ္မာတယ်ထတော့'

ဖက်လုံးလေးကို တင်းနေအောင်ဖက်ထားသူသည် ဆွဲခွါမရ၊ Jeonတစ်ယောက် မနက်အစောကလေးထိန်းနေရပါသည်။

'ထပါတော့ကွယ် ယုန်ကြီးကိုက်လိမ့်မယ် အိပ်ယာကနိုးရင် Parisသွားရမယ် မျက်စိဖွင့်အုံးကွယ် အနမ်းလေးလဲပေးချင်တယ်'

ဖင်လေးပုတ်ကာ Jeonကနိုးတော့ အိပ်နေသူသည်ပြုံး၏။Jeonပြောလိုက်မှ ဒီနေ့ခရီးသွားရမယ်ဆိုတာ သတိရသွားပြီး မျက်လုံးလေးပွတ်ကာ လူကတော့မထသေး။

'မောင်မနက်စာပြင်ထားပေးမယ် ဘာစားမလဲ'

'ခေါက်…ဆွဲ…'

ခပ်အက်အက်အသံလေးဖြင့် မျက်လုံးလေးပွတ်နေကာ ဖြေနေပုံကအစ အသဲယားစရာ။

'ခေါက်ဆွဲဆိုနိုး လေယာဉ်စီးရမှာဗိုက်ပွနေရင် အန်ချင်တာတွေဘာတွေဖြစ်လိမ့်မယ် မစားရဘူး'

'အဲဒါဆိုဘာစားရမှာလဲ'

'နွားနို့နဲ့ပေါင်မုန့်'

'အင်း…'

'အင်းပဲလုပ်မနေနဲ့ ထအုံး'

နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေသူကို လက်မောင်းရင်းမှဆွဲမတော့ အလိုက်သင့်လေးပါလာ၏။အစ်မို့နေတဲ့ပါးလေးပေါ်တွင် Jeonသွားရာကြီးကထင်းလို့၊ ခပ်ဖူးဖူးနှုတ်ခမ်းလေးကလဲ ဖူးကြွနေသည်မှာ နီနီရဲရဲလေး၊

JEON (Completed)Where stories live. Discover now