Jiminအိမ်ကြီးထဲသို့ရောက်တဲ့အခါ Jungkookကမီးဖိုချောင်တွင်အလုပ်ရှုပ်နေ၏။အပြင်ကပြန်လာတဲ့အဝတ်စားအတိုင်း မီးဖိုချောင်ဝင်ပုံကလဲ မိုက်နေပြန်ပါသည်၊
အပေါ်ကုတ်အမဲရောင်လေးကိုတော့ ဧည့်ခန်းတွင်ချွတ်ထားခဲ့ပြီး အဖြူရောင်လက်ရှည်လေးကို ခေါက်တင်ထားကာ တက်တူးများကိုလဲအထင်းသားမြင်နေရ၏။ဂျင်းဘောင်ဘီအနက်ရောင်လေးကလဲ လိုက်ဖက်နေပြန်ပါသည်။
'ဘာရပ်ကြည့်နေတာလဲ လာကူလေ'
'အော်...အင်း...'
'ရေခဲသေတ္တာထဲမှာ ဝက်သားအထုပ်ရှိတယ်ရေဆေးပေး'
ခေါက်ဆွဲပြုတ်ကျွေးမဲ့ဆရာကြီးက ခိုင်းတော့လဲလုပ်ပေးရတာပေါ့၊ သူပြောသလိုဝက်သာထုပ်လေးကို ယူလိုက်ပြီးရေသေချာဆေးပေးနေရပါသည်၊
'ပြီးပြီလား'
'အင်း ပြီးပြီ'
'အရသာမှုန်နဲ့ကြာညို့လေးထည့်နယ်ပေးထား'
ပြောတဲ့အတိုင်းမလွှဲအောင် သေသေချာချာလေးလုပ်ပေးနေရသည်၊ ဒါမျိုးတွေက အိမ်အကူတွေကိုခိုင်းလဲရပေမဲ့ သူ့ဘာသာဘာလို့လုပ်နေလဲဆိုတာတော့ သူသာသိပါလိမ့်မယ်။
အားလုံးပြီးစီးသွားတဲ့အခါ Jiminကိုခေါက်ဆွဲအိုးကြည့်ခိုင်းပြီး JKကတော့ဝက်သာလေးအား အတုံးသေးသေးလေးများတုံးကာ စကြော်တော့၏။တက်တူးအပြည့်နဲ့လက်က ဖဲချပ်တွေမဟုတ်ပဲ ဒယ်အိုးကိုင်တော့လဲ ကြည့်ကောင်းနေတုန်းပဲ။
ခေါက်ဆွဲများပွလာတဲ့အခါ အစာပလာများဖောက်ထည့်ကာ ဘေးကသူအားကြည့်လိုက်တော့ သူ့ကိုပြန်ကြည့်နေ၏။
'ဘာကြည့်တာလဲခင်ဗျား'
'မ...မကြည့်ပါဘူး'
'ဒါလာကြော် ခေါက်ဆွဲကျွန်တော်လုပ်လိုက်မယ်'
နေရာလဲလိုက်ပြီး JKလဲသူ့စတိုင်လ်အတိုင်းခေါက်ဆွဲထဲ ထည့်စရာရှိတာများထည့်တော့သည်။
'ကြက်ဥထည့်မှာမလား'
'မင်းအဆင်ပြေသလိုလုပ်လိုက်'
ပြီးပြီးရောဖြေလိုက်တာ Jiminအားမနေပါ၊ ဘာကြောင့်ဆို သူ့ခမျာ ဆီစင်နေတာကိုရှောင်ရင်းတစ်ယောက်ထဲ အလုပ်ရှုပ်နေတာ။
YOU ARE READING
JEON (Completed)
Fanfictionအတိတ်ကဖြစ်ရပ်တွေကြောင့် တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေရာမှ လက်ထပ်ရန်အကြောင်းဖန်လာတဲ့အခါ... Jikook