Part-10

13.1K 822 80
                                    

သားတော်မောင်ကgayတွေကိုမုန်းတယ်ဆိုတဲ့သတင်းတွေကြားပါတယ်၊ ခုဟာကလဲမျိုးနွယ်စုအတွက်မဖြစ်မနေမို့သာ စီစဉ်ပေးနေရတာ ဒီကလေးကJiminနဲ့နည်းနည်းမှတန်တာမဟုတ်ဘူး၊ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာမဟုတ်ပေမဲ့ ကိုယ့်သားကအဆိုးအပေအလုပ်မရှိအကိုင်မရှိ ဟိုကလေးကလူတော်လေး စီးပွားရေးမှာလဲပန်းဆိုင်လေးဖွင့်ပြီးအခြေကျနေပြီ။

မလိုက်မဖက် မအပ်စပ်ပေမဲ့Jiminနဲ့ဆိုရင် သားလေးကိုစိတ်ချတာမို့ Jiminနဲ့ဆိုရင်Jungkookလေးလိမ္မာလာလိမ့်မယ်လို့ တွေးထင်ထားတာမို့ လက်ထပ်မဲ့ကိစ္စကိုတော့မဖြစ်မနေစီစဉ်ပေးရပါလိမ့်မယ်။

ပွဲလေးတစ်ခုတက်ခိုင်းလိုက်တာ တွဲကတဲ့အဆင့်ထိရောက်ကုန်တာဆိုတော့ အဆင်ပြေပြီးပေါ့ ဘယ်ဟုတ်မလဲ ကလေးနှစ်ယောက်ကအဲ့ပွဲပြီးကတည်းက မျက်နှာချင်းဆိုင်ဖို့နေနေသာသာ တစ်ယောက်ရှိတဲ့အရပ်ကိုတစ်ယောက်ခြေဦးကိုမလှည့်တော့တာ။

မီဒီယာသမားတွေကလဲ ထိုပွဲထဲကတွဲကနေတဲ့ပုံရိပ်လေးကိုယူသုံးထားပြီး ခေါင်းစဉ်အမျိုးမျိုးနဲ့မှတ်ချက်ပေးနေပေမဲ့ ကလေးနှစ်ယောက်ကတော့ ကမ္ဘာ့ရန်သူတွေလို၊

နှစ်ယောက်တူတူပွဲတက်လိုက်ရင် အဆင်ပြေလိမ့်မယ်ထင်ပြီး ဟီဂျယ်နဲ့Jiminတူတူသွားမည့်ထိုပွဲကို Jiminတစ်ယောက်သာတက်ရန် ဟီဂျယ်ဘက်ကိုရော ဟာရူဘက်ကိုရော လုပ်ငန်းရှင်များသုံးထားကာ ထိုနေ့အတွက်အလုပ်တွေရှုပ်အောင်ဖန်တီးထားရသေးသည်၊

ထိုအခွင့်ရေးကိုလူဆိုးကောင်လေးက ကောင်းကောင်းအသုံးမချ ဘယ်လိုတွေပြဿနာရှာထားမှန်းလဲမသိ ရှေ့လျှောက်ဒီကလေးနှစ်ယောက်ပြေလည်ဖို့ ဘာတွေထပ်လုပ်ရအုံးမှာလဲ…။

-----------------

'တောက်!!!! အဲ့ကောင်တွေငါအကုန်သတ်မှာ တစ်ယောက်မှမလွှတ်စေနဲ့ နောက်ဆယ်မိနစ်အတွင်းငါရောက်မယ်'

အဝေးပြေးလမ်းမပေါ် အရှိန်ဖြင့်မောင်းနှင်လာသောကားတစ်စီးသည် လေလိုအလျင်ဖြင့်၊ ကားထဲကလူသည် ဒေါသအလိပ်လိုက်ထွက်ကာ တောက်တစ်ခေါက်ခေါက်ဖြင့်၊ ဒေါသတွေထိန်းရလွန်းလို့ မေးရိုးကြီးများ တင်းထွက်နေ၏။

JEON (Completed)Where stories live. Discover now