'အစ်ကိုလေး ရုံးကိုတစ်ခါထဲမောင်းလိုက်ရမလား'
'အိမ်ကိုပဲမောင်း'
မနေ့ညနေက ဘူဆန်ကအလုပ်ကိစ္စတွေကိုတစ်ခါထဲဖြတ်ပြီး ဆိုးလ်ကိုချက်ချင်းပြန်လာမလို့ပဲ အစည်းဝေးကကိုယ်ထင်ထားတာနဲ့ ကွာခြားစွာအချိန်တွေကျန့်ကြာနေပြီး အလုပ်ကိစ္စတွေကလဲ တော်ရုံနဲ့မပြီးပြတ်တာကြောင့် ဘူဆန်မှာပဲညအိပ်လိုက်ရတယ်။
မိုးလင်းပေါက်ထိအလုပ်လုပ်ထားရတော့ ခေါင်းကထိုးပြီးကိုက်နေကာ လူကလုံးဝနေလို့မကောင်းဘူး၊ ဒီနေ့တစ်ရက်တော့ အနားယူလိုက်ချင်ပေမဲ့ ကုပ္မဏီမှာကလဲ အစည်းဝေးကရှိသေးတယ်။
လက်လွှဲလိုက်လို့မရတဲ့ ကိစ္စတွေကြောင့် အိမ်ပြန်ရေချိုးပြီးဆေးသောက်ကာ ကုပ္မဏီပြန်ပြေးရအုံးမည်။
'အိမ်မှာဧည့်သည်တွေရောက်နေတယ်ထင်တယ်အစ်ကိုလေး'
Driverဦးလေးကြီးအသံကြောင့် မှေးစင်းနေတဲ့မျက်လုံးတို့ကိုဖွင့်ပြီး ကြည့်မိတော့ အိမ်ရှေ့တွင်ကားတစ်စီးရပ်လို့ထား၏။ဖေဖေ့ဧည့်သည်ဆိုလဲ ကားကခြံထဲရပ်မှာပါ ခုဟာကဘယ်လိုဖြစ်ပြီး ခြံရှေ့မှာကားရပ်ထားရတာလဲ။
ဟာရူရဲ့ကားလဲမဖြစ်နိုင် ဟာရူကလမ်းမှာသူ့အစ်ကိုတွက်ပန်းဝင်ဝယ်နေလို့ ကိုယ့်ထက်စောပြီးအိမ်ပြန်လာစရာအကြောင်းလဲမရှိဘူး၊ ဒါဆိုဒီကားကဘယ်သူ့ကားလဲ။
'ကားခဏရပ်'
'ဟုတ်ကဲ့အစ်ကိုလေး'
လူဆိုးတွေ သူခိုးဂျပိုးတွေဖြစ်နေမှာဆိုးလို့ ကားအနီးနားထိတိုးကာ စစ်ဆေးကြည့်ပေမဲ့ ကားထဲကလူများသည်အိပ်ပျော်နေကြ၏။
အရက်သမားတွေမူးပြီး အိမ်ရှေ့မှာသောင်တင်နေတယ်လို့ထင်ပေမဲ့ ထိုမျက်နှာများကို ရင်နှီးနေ၏။မောင်းသူနေရာမှတစ်ယောက်သည် မျက်နှာကိုဘေးသို့စောင်းထားတာကြောင့် ဘယ်သူမှန်းမသဲကွဲ။
သေသေချာချာစိုက်ကြည့်နေတုန်းမှာပဲ တစ်ဖက်သို့လှည့်လာသောမျက်နှာသည် ဟီဂျယ်မျက်ခုံးတွေအားတွန့်ချိုးစေ၏။
ဒီလူ့ကိုသိတာပေါ့ ဟိုတစ်ခါJKကိုပြဿနာသွားရှာတုန်းက ဒီလူနဲ့တိုးပြီးJKကိုထွက်လာဖို့ပြောခိုင်းလိုက်တာလေ၊
YOU ARE READING
JEON (Completed)
Fanfictionအတိတ်ကဖြစ်ရပ်တွေကြောင့် တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေရာမှ လက်ထပ်ရန်အကြောင်းဖန်လာတဲ့အခါ... Jikook