Part-26

11.9K 779 57
                                    

'ချုပ်ရိုးကျက်သွားပြီဆိုတော့ ဒီဆေးလေးပုံမှန်ထည့်ပေးရင်ရပါပြီ'

'ခေါင်းမူးတာတွေထပ်မဖြစ်တော့ဘူးမလားဆရာ'

'မဖြစ်တော့ပါဘူး ဘာလို့လဲလူနာကခဏခဏမူးတတ်လို့လား'

'ဟုတ်တယ်ဆရာ Jungkookကတစ်နာရီခြားတစ်ခါလောက်မူးနေတာ'

လူနာကုတင်ထက်လှဲနေသောသူကို ကြည့်လိုက်တော့လဲ ကျန်းကျန်းမာမာပါပဲ၊ တက်တူးအပြည့်နဲ့လက်တစ်ဖက်က ခေါင်းအောက်တွင်ခုထားကာ ဆရာဝန်ကိုမျက်နှာကြီးမှုန်ကုပ်စွာကြည့်နေ၏။

ဆရာဝန်ကိုသာ မျက်မှောင်ကြုတ်ကြီးဖြင့်ကြည့်တာဖြစ်ပြီး Jiminလှမ်းကြည့်လာရင်တော့ ယုန်သွားလေးတွေပေါ်အောင်ပြုံးပြတတ်သေး၏။ကလီကမာလူနာလေးJeon Jungkook

‌ဆရာဝန်ကအနာကျက်နေပြီဖြစ်ကြောင်း ခေါင်းမမူးတတ်တော့ကြောင်း သာဓကများစွာဖြင့်ရှင်းပြနေသဖြင့် Jungkookတစ်ယောက် ဘယ်လိုကလီကမာထပ်လုပ်ရမလဲဆိုတာ အကြံထပ်ထုတ်နေရသည်။

တစ်လဆိုတဲ့အချိန်မှာ တစ်ပတ်ကျော်ကုန်ဆုံးပြီးပြီဆိုတော့ ထပ်အချိန်ဆွဲနေလို့လဲမရပါ၊ ချစ်တဲ့အကြောင်းတွေဝန်ခံဖို့ကလဲ လုပ်ရအုံးမည်၊ ဒီကြားထဲမှာလဲ ကပ်ချွဲချင်သေးသည်၊

'မင်းလဲသက်သာသွားပြီဆိုတော့ မနက်ဖြန်ငါလဲအလုပ်သွားရမယ် customerတွေကလဲဘယ်တော့ဆိုင်ဖွင့်မှာလဲဆိုပြီး ခဏခဏမေးနေကြတယ်'

Lover seatမှာထိုင်ကာ onlineကနေမှာစရာရှိသော ပန်းများကို ရွေးရင်းသူလုပ်ရမဲ့အလုပ်တွေကိုပြောပြနေ၏။ကားစီးရင်းဖုန်းကြည့်တာ မူးတယ်ဆိုပေမဲ့ အလုပ်သရဲလေးအတွက်ကတော့ မူးလဲဆေးသောက်လိုက်ရုံဆိုတဲ့စိတ်နဲ့ အသဲအသန်ပန်းလှလှလေးတွေရှာနေသည်။

ကားမောင်းနေသူကတော့ ဘာတစ်ခွန်းမှဝင်မပြော ငြိမ်သက်မြဲငြိမ်သက်ဆဲ၊ သူ့အ‌တွေးထဲ သူ့အကြံတွေအပြည့် ဘယ်ချိန်အကောင်ထည်ဖော်ရမလဲဆိုတာ အချိန်ညှိနေသည်။

'Jimin…'

'ဟင်…'

'မကွာရှင်းလို့မရဘူးလား'

ဖုန်းscreenပေါ်ပြေးလွှားနေသောလက်ကလေးများ ငြိမ်သက်သွား၏။ထိုစကားကိုပြောသောသူသည်လဲ တည်ငြိမ်စွာကားမောင်းနေ၏။

JEON (Completed)Where stories live. Discover now