Part-4

11.1K 715 28
                                    

အတိတ်နေ့ရက်များဆီသို့~~~~~

စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ပန်းချီကားလေလံနိုင်ခြင်းကြောင့် ပြုလုပ်ကျင်းပတဲ့ ညစာစားပွဲလေးတစ်ခု၊ အကြီးဆုံးသားဖြစ်တဲ့ကိုယ်က ထိုအချိန်က ၁၀နှစ်အရွယ်ကောင်လေးသာသာပေါ့၊ အလတ်ကောင်ဟီဂျယ်ကတော့ 7နှစ်အရွယ်ဖြင့် မူလတန်းတတ်လို့နေချေပြီ၊ အငယ်ကောင်ဟာရူကတော့ 5နှစ်သာရှိသေးသဖြင့် အိမ်ထဲ မျောက်ရှုံးအောင်ဆော့တုန်း။

မေမေသည် အငယ်တစ်ယောက်ကို ထိန်းကျောင်းနေရသဖြင့် တစ်နေကုန်အားတယ်မရှိ အလုပ်ရှုပ်ရင်းရှုပ်နေတော့၏။ထို့ကြောင့် ထိုညက ညစာစားပွဲကို သားကြီးဖြစ်တဲ့ကျွန်တော့်လက်ကိုဆွဲကာ ဖေဖေပွဲတတ်ခဲ့၏။

ပထမဆုံးပွဲတတ်ရတာကြောင့် အလွန်စိတ်လှုပ်ရှားနေကာ ကလေးသဘာဝအရ သူစိမ်းတွေကိုအနည်းငယ်တော့ ကြောက်နေမိပါသည်။ကြီးကျယ်လွန်းလှသော ဟိုတယ်ကြီးထဲတွင် တန်ဖိုးအမြင့်ဆုံးတွေကိုသာ သုံးထားသော ညစာစားပွဲသည် အရှိန်အဝါများစွာဖြင့် တောက်ပြောင်နေခဲ့သည်။

ဖေဖေသည်လဲ ကျွန်တော့်လက်ကိုမြဲမြံစွာဆွဲကာ စီးပွားဖက်တွေအား လိုက်လံနှုတ်ဆက်နေ၏။ထိုထဲတွင် Jeonမျိုးနွယ်စုလဲပါဝင်ခဲ့သည်။

'ဒါလေးက အကြီးဆုံးသားလေးပေါ့'

'ဟုတ်ပါ့ဗျာ'

'ကလေးကချစ်စရာလေး ဒါကတော့ကျုပ်သား အငယ်ကောင် Jeon Jungkookတဲ့'

'သား နှုတ်ဆက်လိုက်အုံးလေ'

'မင်္ဂလာပါဗျ Park Jiminလို့ခေါ်ပါတယ်ဗျ'

'သားလေးက လူလိမ္မာလေးပဲ'

'ကျေးဇူးပါဗျ'

ပထမဆုံးမြင်ဖူးသော သူစိမ်းကောင်လေးသည် ဝိုင်းစက်နေသော မျက်ဝန်းတို့ဖြင့် ကြည့်နေခဲ့ပါသည်၊ ကြီးမားပြီး ဝိုင်းစက်နေသော ထိုမျက်ဝန်းတို့သည် ထိုအချိန်ကအလွန်ချစ်စရာကောင်းနေခဲ့ပါသည်။ကောင်လေးကြည့်ရတာ ကိုယ့်ထက်အသက်ငယ်မယ်ထင်တယ်၊ ဒါ့ကြောင့်လဲ အကြီးဖြစ်တဲ့ကိုယ်က ဖော်ရွေးစွာပြုံးပြလိုက်တော့ ထိုကောင်လေးကလဲ ပြန်ရီပြလာ၏။

JEON (Completed)Where stories live. Discover now