Part-12

13K 842 37
                                    

'Jimin...'

'Yoongi hyung... အားနာလိုက်တာဗျာ'

'နေ့တိုင်းပို့ပေးနေကျကို အားနာနေတုန်းပဲလား'

အမဲရောင်T-shirtပေါ်တွင် ကုတ်အမဲရောင်လေးဝတ်ဆင်ထားပြီး style pantအမဲလေးဖြင့် Min Yoongi အလွန်ကြည့်ကောင်းနေခဲ့ပါသည်၊ ခပ်ရှည်ရှည်ဆံပင်တို့ကို သပ်တင်ထားကာ မျက်မှန်ခပ်ဝိုင်းဝိုင်းလေးကလဲ မျက်နာထက်နေရာယူလို့ထား၏။

ဖြူဖြူဖွေးဖွေးအသားရည်နှင့်လိုက်ဖက်စွာ All blackဝတ်ဆင်ထားသောMin Yoongiကို Jiminငေးကြည့်နေမိပါသည်၊ လူကြီးလူကောင်းဆန်စွာရင့်ကျက်မှုမျိုးနဲ့ ချောမောလှသောရုပ်ရည်သည် Jiminကိုစိတ်လှုပ်ရှားစေ၏။

'Jiminအားနာနေတယ်ဆို ကိုယ့်ကိုတစ်ခုပြန်ကူညီမလား'

'‌ကူညီနိုင်တာဆို ကူညီပါ့မယ် Min Yoongi အားမနာပဲပြောပါ'

'ဒါဆိုလဲ အားမနာတော့ဘူးနော်'

'ဟုတ်ကဲ့'

'ဒီနေ့ကိုယ့်အမေကို ဆေးရုံမှာသွားတွေ့ရမှာ အမေကပန်းတွေကြိုက်တယ်လေ ပန်းတွေအကြောင်းလေ့လာရတာကိုလဲ ဝါသနာပါတယ် အဲဒါJiminအားတယ်ဆိုရင် အဖော်လိုက်ခဲ့ပေးလို့ရမလား'

'ရ...ရပါတယ် ဘယ်ချိန်လောက်သွားကြမလဲ'

'ညနေမှပါ ကိုယ်လာခေါ်လိုက်မယ် လာခါနီးကျဖုန်းကြိုဆက်လိုက်မယ်'

'ဟုတ်ကဲ့'

'အပြန်နည်းနည်းနောက်ကျလိမ့်မယ် အဆင်ပြေပါ့မလား'

'ပြေ...ပြေပါတယ်'

'ဟီဂျယ်ကိုတော့ ကိုယ်ပြောထားလိုက်မယ် သူ့ရဲ့အစ်ကိုချောချောလေးကိုအိမ်ထိပြန်လိုက်ပို့ပေးမယ်ဆိုတာပါ တစ်ခါထဲပြောလိုက်မယ်'

အစ်ကိုချောချောဆိုတဲ့စကားကြောင့် Jiminမျက်နှာလေးနီရဲသွားတော့ Min Yoongi သည်ခပ်ပြုံးပြုံးလေးဖြင့်ငေးကြည့်နေ၏။

လက်ထဲကကော်ဖီခွက်လေးလဲမသောက်ဖြစ်တော့ ကော်ဖီတွေကိုသိပ်ကြိုက်ပါသည် သို့သော်Min Yoongiရှေ့တွင် မသောက်ဖြစ်ခဲ့သော ကော်ဖီခွက်လေးတွေသည် လက်ချိုးရည်လို့မရတော့။ကော်ဖီလာပို့တဲ့သူက ချောချောလေးဆိုတော့ ကော်ဖီတွေသောက်ဖို့လဲ သတိမရတော့တာကြောင့် ထင်ပါတယ်။

JEON (Completed)Where stories live. Discover now