'ဒါမျိုးတွေဖြစ်နေတာတောင် ခင်ဗျားကျုပ်ကိုဘယ်ချိန်ထိ ဖုံးကွယ်ဖို့ကြိုးစားနေတာလဲ'
'မ…မဟုတ် ငါ…'
'ကျုပ်ကခင်ဗျားလင်နော် အဲဒါတော့သိတယ်မလား'
'သိ…သိပါတယ်'
'သိတယ်ဆိုလဲ တစ်ခုခုဆိုပြောလေဗျာ'
'ငါ…ဟို…'
'ကျစ်! တစ်ခုခုဆို အဲဒီမျက်ရည်ကဝဲလာပြီ'
'မင်းကဆူတာကို'
နှုတ်ခမ်းထော်ကာ မျက်ရည်လေးတွေဝဲလာပြီး ဆူပုတ်ထား၏။အနာကိုလဲကလေးတစ်ယောက်လို ပြုစုယုယကာ ဆေးထည့်ပေးနေရသည်၊ စက်ဘီးစီးတတ်ခါစအရွယ် ကလေးတစ်ယောက် စက်ဘီးမှောက်လာရင်တောင် ဒီလောက်လုပ်ပေးမှာမဟုတ်ပေမဲ့ ခုကPark Jiminမလို့ အသားလေးရဲသွားရင်ကို လူကအတော်ပြာယာနေပြီ။
'အဆူမခံချင်ရင် အဆူမခံရအောင်နေလေ'
'တော်ပါတော့ အနာကမှနာပါတယ်ဆို မင်းဆူတော့ပိုနာတယ်'
နာတယ်ဆိုတော့လဲ ဆေးတွေအမြန်ခြောက်စေရန် လေမှုတ်ပေးရသည်၊ ဖြူဖြူဖွေးဖွေးအသားအရည်လေးမို့ အမာရွတ်မကျန်ခဲ့စေချင်တာကတော့ စေတနာအမှန်ပါ၊
'ပြီးပြီ'
'ဒီလောက်ပဲလား ပတ်တီးတွေဘာတွေရော'
'ပွန်းသွားရုံလောက်လေးကို ဘယ်ပတ်တီးစည်းချင်တာလဲပြော'
ဆူလိုက်ရင်လဲနှုတ်ခမ်းကဆူဆူသွားသေးတာ။
'တစ်ကယ်ပါပဲ'
အူယားလွန်းလို့ နှာခေါင်းလေးကိုဆွဲညှစ်တော့မော့ကြည့်လာ၏။
'Park Jimin…'
'ဟင်'
'ကျုပ်တို့dinnerပွဲကိုသွားကြရအောင်'
ဘာမှပြန်မဖြေတော့ပဲ ခေါင်းလေးငုံ့သွား၏။
'ခင်ဗျားကိုလူတွေမကဲ့ရဲ့စေရဘူး ကျုပ်ကိုယုံ'
'ငါ…ဂါဝန်မဝတ်နိုင်ဘူး ငါယောင်္ကျားလေး မိန်းမမဟုတ်ဘူး'
'ဒီမှာကျုပ်ကိုကြည့်…'
ငုံ့ထားသောခေါင်းလုံးလုံးလေးကို မေးမှအသာဆွဲမတော့ အလိုက်သင့်လေးပါလာ၏။
YOU ARE READING
JEON (Completed)
Fanfictionအတိတ်ကဖြစ်ရပ်တွေကြောင့် တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေရာမှ လက်ထပ်ရန်အကြောင်းဖန်လာတဲ့အခါ... Jikook