Part-19

12K 770 62
                                    

အခမ်းနားဆုံးသော နေ့တစ်နေ့၏ အကောင်းစားဟိုတယ်ကြီးတွင် ပန်းများဖြင့်လှချင်တိုင်းလှနေ၏။ဟိုတယ်ဆိုတာကလဲ တစ်ကယ့်နာမည်ကြီး တစ်နာရီကိုသိန်းပေါင်းသောင်းချီပေးရသော ဟိုတယ်ကြီးမှာ အကောင်းစားတွေကိုသာ အသုံးပြုပြင်ဆင်ထားသော ပွဲလေးတစ်ခု။

လျှောက်လမ်း၏ဘေးပတ်လည်တွင်ပန်းများဖြင့် အလှဆင်ထား၏။အလှဖန်မီးလုံးလေးများကလဲ တွဲလောင်းကျနေပြီး ပန်းလေး‌တွေဟာလဲတွဲလောင်းကျနေသည့်ပုံစံအလှဆင်ထားသေးသည်။လျှောက်လမ်း၏ တစ်ဖက်ဆီတွင် ပွဲလာသူဧည့်သည်များထိုင်ရန် ခုံများအစီအရီရှိနေ၏။

'ဘယ်ချိန်ရှိနေပြီလဲ'

'8ခွဲ'

မင်္ဂလာပွဲစရန် နာရီဝက်သာလိုတော့ပေမဲ့ တစ်ဦးတည်သောမောင်လေး သူတိုးသားလောင်းက ရောက်မလာသေးပါ၊ မနက်ကအိမ်ကနေ အစောကြီးထွက်သွားပေမဲ့ ခုထိပွဲထဲကိုမရောက်သေးတော့ အကုန်စိတ်ပူနေရပြီ။Jiminကတော့အဝတ်စားလဲပြီး ပြင်ဆင်စရာရှိတာပြင်ဆင်နေပြီ။

'တောက်စ်! အဲကောင်တမင်လုပ်နေတာ'

'ဟုတ်တယ်အစ်ကို ဒါကျွန်တော်တို့ကိုသက်သက်စော်ကားနေတာ'

'အဲလိုလဲမဟုတ်လောက်ပါဘူး သူ့မှာလဲသူ့အကြောင်းနဲ့သူရှိမှာပါ'

ဆံပင်လုပ်နေရင်းမှ Jiminသက်ပြင်းသာခိုးချနေမိသည်၊ အားလုံးနည်းတူ သူလဲစိတ်ပူနေတာမှန်ပါတယ် နာရီသံတဂျက်ဂျက်မြည်လေ နှလုံးခုန်သံတွေမြန်လာလေပဲ၊ Jungkook လာတော့လာမှာမလား။

ဖိတ်စာတွေလဲဝေပြီးပြီ တိုင်းသိပြည်သိလက်ထပ်ပွဲကလဲ ခုလုပ်နေပြီ လက်စားချေတာပါဆိုတဲ့ပုဒ်မနဲ့ Jungkookမလာရင်တော့ အများသူငှာသထွေးခွက်ထဲ ပက်လက်မျောရမည်က Parkမိသားစုဖြစ်နေ၏။

'နှုတ်ခမ်းနီထပ်ထည့်အုံးမလား'

'အစ်မအဆင်ပြေသလိုလုပ်လိုက်ပါ'

'နည်းနည်းအရောင်တင်လိုက်မယ်နော်'

နှုတ်ခမ်းဖူးဖူး‌လေးကို အရောင်အနည်းငယ်ထပ်တင်ပြီးသွားချိန် ဆံသားတို့ကို သေချာပုံချပေးလိုက်သည်၊ ဒီနေ့ရဲ့အလှဆုံးသော သတိုးသားလောင်းလေး ပြင်ဆင်လို့ပြီးခဲ့ပြီ မင်္ဂလာပွဲစရန်လဲ 15မိနစ်သာလိုတော့သည်။

JEON (Completed)Where stories live. Discover now