'Jimin...'
'hyung'
ပန်းစည်းလေးကိုင်ကာ ဝင်လာသောYoongi hyungသည် ပြုံးပြုံးရွှင်ရွှင်လေး၊ မင်္ဂလာပွဲမလာလိုက်ရလို့ hyungအားနာနေသည်ထင်ပါရဲ့။
'လက်ဖွဲ့ပါ'
မင်္ဂလာပွဲလဲမသွားဖြစ်လိုက်ဘူးဆိုတော့ ဘာပစ္စည်းပေးလို့ပေးရမှန်းမသိ၊ ပြည့်စုံနေပြီသားလူတွေဆိုတော့ ကိုယ့်ပစ္စည်းက သူတို့အတွက်အသုံးမဝင်မှာလဲ ဆိုးမိတယ်၊
Jiminကလဲ ပကာသနတွေကိုမကြိုက်တတ်တဲ့သူဆိုတော့ ပန်းလေးတွေကိုသာလက်ဆောင်ပေးဖို့ ဆုံးဖြတ်လိုက်ရတာ၊ Jiminတစ်ခါကပြောဖူးတယ် သူလာဗင်ဒါပန်းအိုးလေး အရမ်းလိုချင်နေမိတယ်တဲ့၊
စီးပွားရေးလုပ်ငန်းရှင်ပီပီ လိုချင်နေသောပန်းအိုးလေးက ဈေးသိပ်များတဲ့အခါ သူသိပ်ကြိုက်နေလဲ သူမဝယ်ပါ၊ အရမ်းကြိုက်လွန်း၍ ဓာတ်ပုံလေးထုတ်ထုတ်ကြည့်တာကိုလဲ သတိထားမိ၏။ဒါ့ကြောင့်လဲ ဒီLimitedလာဗင်ဒါပန်းအိုးလေးပေးရန် ဆုံးဖြတ်လိုက်တာ။
'ကျေးဇူးတင်ပါတယ်hyung ကျွန်တော်ဒါလေးကိုအရမ်းလိုချင်နေတာ'
'သဘောကျတယ်မလား'
'အရမ်းသဘောကျတာပေါ့ သေသေချာချာလေးပျိုးထောင်လိုက်ပါ့မယ်hyung'
အရမ်းလိုချင်နေတာလေးမို့ စိတ်တွေသည်အလွန်ပျော်နေကာ ပန်းအိုးလေးကိုလက်ထဲကမချတော့၊ hyungရှိနေတာတောင်သတိမရတော့တဲ့အထိ အရမ်းပျော်နေခဲ့တာ။
'Jimin ပါးက...'
ညာဘက်ပါးကိုလက်ညိုးထိုးပြလာတဲ့အခါ ခေါင်းလေးငုံကာ ပါးကိုကိုင်ရင်း မျက်နှာလွှဲလိုက်သည်၊ လူဆိုးကောင်နဲ့ရန်ဖြစ်ထားတာကိုတော့ hyung သိလို့မဖြစ်ပါ၊ hyung သာသိသွားရင် ဟီဂျယ်လဲသိသွားမှာ အဲဒါဆိုမလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်သွားနိုင်တယ်။
လူဆိုးကောင်ကိုလဲနည်းနည်းလေးမှမကျေနပ်ပါ သူ့ရဲ့ဗလမှအားမနာ ရိုတ်ချလိုက်တာ ပါးတစ်ချက်ယောင်လာသည်အထိပဲ၊ တစ်နေ့နေ့တော့ မင်းငါ့ကိုချစ်လာအချိန် မင်းနဲ့ငါတွေ့ပြီပဲ၊
'ဟို...အဲဒါက...ရေချိုးခန်းမှာချော်လဲတာပါ'
'ဟုတ်လို့လားJiminရယ် ပါးကအတော်ယောင်နေတယ်'
![](https://img.wattpad.com/cover/330707476-288-k463456.jpg)
YOU ARE READING
JEON (Completed)
Fanfictionအတိတ်ကဖြစ်ရပ်တွေကြောင့် တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေရာမှ လက်ထပ်ရန်အကြောင်းဖန်လာတဲ့အခါ... Jikook