Part-17

13.3K 857 26
                                    

အဖြူရောင်တိမ်လွှာတို့နောက် အမဲရောင်တိမ်လွှာများတပ်ကြပ်မကွာလိုက်ပါလာ၏။အဖြူရောင်ရှိသောကောင်းကင်သည်လဲ ချက်ချင်းပင်မဲမှောင်လို့သွားချေပြီ၊ ခပ်နွေးနွေးလေထုမှ ခပ်အေးအေးလေထုအဖြစ်ပြောင်းလဲလို့သွား၏။ငြိမ်သက်နေသောအပင်တို့သည်လဲ လှုပ်ရှားလာချေပြီ၊ မကြာမှီမိုးရွာတော့မည်ဖြစ်သည်။

မပြင်းထန်လှသောလေများတိုက်ခတ်လာသည်နှင့်တပြိုင်နက် မိုးချိန်းသံတို့ဟာလဲထွက်ပေါ်လာချေပြီ၊ လေအရမ်းပြင်းလာတဲ့အခါ သိမ်းစရာရှိတာများသိမ်း၍ အိမ်ပြန်ကြသောအလုပ်သမားများလဲရှိ၏။မိုးမမိ‌စေရန် အလျင်အမြန်ပြေးလွှာနေကြသောလူများသည်လဲ လမ်းမထက်များပြားလှ၏။

'သူဌေးကျွန်တော်တို့ပြန်ပြီနော်'

'အေးအေး ဂရုစိုက်ပြန်ကြအုံး'

AUGUST-Dကော်ဖီဆိုင်လေးသည်လဲ သိမ်းရန်အဆင်သင့်ဖြစ်လို့နေချေပြီ၊ သို့သော်ဧည့်သည်သည်ရှိနေ၍ အကုန်သိမ်းလို့တော့မဖြစ်ပါ၊ Min Yoongi သည်ကောင်တာပေါ်မှ ရှင်းစရာရှိတာများရှင်းကာ ထိုဧည့်သည်ပြန်မည့်အချိန်ကို တစ်ယောက်ထဲစောင့်ကြည့်နေရသည်။

ဆိုင်တွင်ဧည့်သည်များတစ်ယောက်ပြီးတစ်ယောက်ပြောင်းနေပေမဲ့ ထောင့်ကျကျဝိုင်းလေးကလူကတော့ မပြောင်းခဲ့ပါ၊ ထိုလူကိုဝင်လာကတည်းက Min Yoongi သတိထားမိပါသည်၊ အညိုရောင်ကုတ်အရှည်ကိုဝတ်ဆင်ထားပြီး ကွင်းထိုးဖိနပ်ကလဲ တွေ့ရာကောက်စီးလာသည်ထင်ရ၏။ကောက်ကောက်ကွေးကွေးအညိုရောင်ဆံပင်တို့ကလဲ ရှုပ်ပွပွ computer တစ်လုံးကိုင်ကာ Latteတစ်ခွက်သာမှာပြီး တစ်နေကုန်စာထိုင်ရိုတ်နေသောအညိုရောင်လေး။

တစ်ခါတစ်ရံ ခပ်သွယ်သွယ်လက်ချောင်းလေးများဖြင့် ဆံပင်တို့ကိုဖွကာ ဆိုင်အပြင်ဘက်သို့ ခပ်ဆွေး‌ဆွေးလေးငေးကြည့်တတ်သေး၏။တစ်ယောက်ထဲငေးလိုက် computer ပေါ်လက်ကလေးတွေလှုပ်ရှားလိုက်နဲ့ သူတစ်ယောက်ထဲအလုပ်ရှုပ်နေ၏။

စားပွဲပေါ်တွင်အလှတင်ထားသော ခပ်ကြီးကြီးအနီရောင်နှင်းဆီပွင့်ကိုကိုင်ကာ သူငေးနေပြန်သည်၊ မှာထားသော Latteကိုသောက်ဖို့သူမေ့နေရောလား၊ တွေးလို့ပင်မဆုံးသေး လက်သွယ်သွယ်လေးက ကော်ဖီခွက်လေးကို စကိုင်ပြီးသောက်တော့သည်၊ ထော်ထွက်လာသောနှုတ်ခမ်းလေးက ရဲရဲလေး၊

JEON (Completed)Where stories live. Discover now