Part-38

9K 535 56
                                    

မသွားချင်သောခရီးစဉ်သည် စတင်လို့လာခဲ့ပြီ၊ မသွားချင် မလုပ်ချင်သောအရာတွေဆို အချိန်တွေသည်အလွန်မြန်လှပါသည်၊

ခုလဲluggageတစ်လုံးဆွဲကာ လေဆိပ်သို့ရောက်နေပြီ၊ အတွင်းရေးမှူးကတော့ တတ်ရမဲ့ပွဲတွေ meetingတွေ ဟိုမှာအပြီးဖျက်ခဲ့ရမဲ့project တွေကိုအာပေါက်အောင်ရှင်းပြနေပေမဲ့ ဘယ်ဘက်နားကဝင်သော စကားတွေသည် ညာဘက်နားတွင်သံစဉ်လေးအတိုင်းထွက်သွား၏။

အတွင်းရေးမှူးကတော့ သူ့တာဝန်ကိုဆောင်ရွက်နေပေမဲ့ ကိုယ့်ကတော့ဖုန်းထဲအာရုံရောက်နေကာ တစ်ယောက်ယောက်များဆက်သွယ်လာမလားလို့မျှော်လင့်ချက်ဖြင့် ဖုန်းscreenကိုသာစိုက်ကြည့်နေသည်။

ဒီကိုမလာခင်Jiminကလိုက်ပို့မည်ဟုအတင်းပြောနေသဖြင့် ငြင်းရပါသေးသည်၊ ကိုယ်နဲ့အတူ ထယ့်ကိုကူရှာပေးတာပဲလွန်လှပေါ့ ဒါမျိုးတွေထိပါJiminကိုဒုက္ခမပေးရက်တော့ နေခဲ့ရန်မနည်းပြောလိုက်ရသည်။သူ့ညီဟီဂျယ်ကတော့ စီးပွာရေးပါတနာဖြစ်တဲ့ကျွန်တော်ကို လိုက်ပို့ရှာပါသည်။

'ဒီလောက်ပါပဲ…အဲဒါပြီးရင်တော့သူဌေးပြန်လာလို့ရပါပြီ…'

အတွင်းရေးမှူးပြောနေသောစကားထဲ ဒီတစ်ကြောင်းကိုသာ ပီပီသသကြားရတယ်၊ ရှေ့ပိုင်းမှာဘာတွေပြောသွားမှန်း ဘာမှမကြားလိုက်ပေမဲ့ "အင်း.…"လို့သာပြန်ဖြေလိုက်ရသည်။

'သူဌေး…ဒီတစ်ခေါက်projectကိုကိုင်တဲ့လူက လူ့ဂွစာဖြစ်နေတယ် သူဌေးကောင်းကောင်းမွန်မွန်ကိုင်တွယ်မှရမယ်'

'အင်း…'

'ကျွန်တော်သိထားသလောက်တော့ Parisကိုဂျာမနီက လုပ်ငန်းရှင်တွေလဲလာမယ်လို့ကြားထားတယ်'

'အင်း…'

'ဒီတစ်ခေါက်projectကလဲပြီးတော့မှာဆိုတော့ သူဌေးဂျာမနီကလူတွေနဲ့တွေ့ကြည့်ပြီး projectအသစ်ကိစ္စအတွက်တိုင်ပင်ရမယ်ထင်တယ်'

'အင်း…'

'နောက်ပြီး…'

'တော်ပါတော့ကွာ ငါနားတွေလဲပူလာပြီ'

Min Yoongi ကနားနှစ်ဖက်ကိုအုပ်ကာ ညည်းညူပြတော့ အတွင်းရေးမှူးလဲ မျက်မှန်ကိုပင့်ကာ ထပ်မပြောတော့ပဲ လုပ်ငန်းဆောင်တာတွေမှတ်ထားတဲ့စာအုပ်လေးကို Min Yoongi ထံပေးလိုက်သည်။

JEON (Completed)Where stories live. Discover now