'ခုလိုပွဲကိုတကူးတက တက်ပေးတာကျေးဇူးနော် Min Yoongi shii'
'မဟုတ်တာဗျာ လာရမှာပေါ့…'
'ရောက်တုန်းရောက်ခိုက်အေးဆေးထိုင်အုံးဗျာ…'
'ဟုတ်ကဲ့ပါဗျာ…'
မစ္စတာဂျိုလီဟန်နဲ့စီးပွားရေးကိစ္စအနည်းအကျဉ်းပြောပြီး ဧည့်သည်တွေကျလာလို့ နှုတ်ဆက်ရန်မစ္စတာဂျိုလီကထွက်သွားခဲ့ပြီ၊ Min Yoongi လဲခဏတော့ထိုင်ကာ လက်ထဲကဝိုင်တစ်ခွက်ကုန်အောင်တော့နေလိုက်သည်။
Pairsကိုရောက်ကတည်းက ဂျာမနီလုပ်ငန်းရှင်တွေနဲ့တွေ့ရ project အသစ်အတွက်ဆွေးနွေးလိုက်ရနဲ့ လူလဲအားတယ်လို့ကိုမရှိဘူး၊ မစ္စတာဂျိုလီဟန်ရဲ့ပွဲပြီးရင်လဲ ဆက်တူတွဲလုပ်ထားတဲ့ ရေမွှေးကုမ္ပဏီက ဒီကိုရောက်ခိုက် သူတို့ဆီဝင်ခဲ့ပါအုံးလို့ ဖိတ်ကြားမှုရထားတော့ သွားရအုံးမည်။
ညဘက်တွေလဲ ကိုရီးယားကMailတွေကိုရီးယားကMailတွေ၊ တစ်နေ့တာဖိုင်တွေကိုcheckရနဲ့ လူလဲအဝောာ်လေးအလုပ်တွေပိနေကာ ထယ့်ဘက်ကိုအာရုံမစိုက်မိသေး။
တစ်ချက်တစ်ချက်တော့သတိရပါသည်၊ နိုင်ငံအနံ့ကကိုယ့်လူတွေလိုက်ရှာနေတာဆိုတော့လဲ စိတ်ကိုအနည်းငယ်လျော့ထားရသည်။
အတွေးတွေလဲကုန် လက်ထဲကဝိုင်လေးလဲကုန်သွား၍ မစ္စဝာာဂျိုလီဟန်ဆီသွားကာ နှုတ်ဆက်ပြီးပွဲထဲကထွက်လာလိုက်သည်၊ ပြန်ရန်စောသေးတာသိပေမဲ့ Pairsကိုရောက်ကတည်းက ဒီက'လေ'ကိုတောင်တဝကြီးမရှူရှိုက်ရသေးဘူးမလား။
ညနေစောင်းခါနီးဖြစ်၍ လမ်းပေါ်တွင်လူပိုရှုပ်တယ်ပဲဆိုရမလား အခြားနေရာတွေလဲ သွားကြည့်ဖို့အချိန်မလောက်တာကြောင့် Eiffel Tower ဆီကိုတက္ကစီဆီးကာ လာခဲ့လိုက်သည်။
'ဘယ်လောက်ကျလဲ…'
'***ပါဆရာ…'
'ဒီမှာပါ…'
ကျသင့်ငွေရှင်းပြီး Towerရှေ့မြက်ခင်ပြင်ကြီးဆီဦးတည်လာလိုက်သည်၊ Pairsမြို့ရဲ့လှပတဲ့နေရာဆိုတော့ မိသားစုလိုက်ပျော်ပွဲစားထွက်သူများနှင့် အတွဲလေးများဟိုနားဒီနားစုနေကာ ကလေးငယ်လေးများသည်လဲ ပြေးလွှားဆော့ကစားနေကြသည်။
YOU ARE READING
JEON (Completed)
Fanfictionအတိတ်ကဖြစ်ရပ်တွေကြောင့် တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေရာမှ လက်ထပ်ရန်အကြောင်းဖန်လာတဲ့အခါ... Jikook