Fashionမြို့တော်ဟုတင်စားရသော Pairsမြို့ထဲတွင် မောင့်black cardကြီးကိုင်ကာ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် မမောနိုင်မပန်းနိုင်Shoppingထွက်နေသူကို မောင့်မှာမတားရက်။
အထုပ်သေးအထုပ်ငယ်ဆွဲကာ ဆိုင်သူလေးစိတ်ချမ်းသာစေဖို့ မောင်ကအကုန်ဆောင်ရွက်ပေးသည်။
'မောင် ဒါလေးမင်းနဲ့လိုက်တယ် ဝယ်လိုက်မယ်နော်'
'မောင် ဒီဝတ်စုံလေးက ချစ်စရာကောင်းမနေဘူးလား'
'မောင် ဒီကုတ်လေးဘာရောင်လှလဲ အညိုလေးယူရမလား အမဲလေးပဲယူရမလား'
'မောင် shirtလေးတွေဆင်တူဝတ်ရအောင်ဝယ်လိုက်မယ်နော်'
မောင့်မှာဘာမှပြန်ဖြေချိန်မရလိုက်၊ ဝယ်ပြီးသမျှအထုတ်တွေကိုလဲ မောင့်ထံသို့ပေးကာ နောက်တစ်ဆိုင်သို့black cardကိုင်ပြီးဝင်သွားပြန်ပါသည်။
မောင့်လက်ထဲတွင် အချို့သောအင်္ကျီများသည် ဒီဇိုင်းတူပြီးအရောင်သာကွဲသည်၊ ရေမွှေးပေါင်းများစွာလဲ အနံ့တူပေမဲ့ ဘူးမတူသဖြင့် ဆိုင်သူလေးကအကုန်ဝယ်ပစ်သည်။
'မောင့်Jiminရေ မောင့်ကိုစောင့်ပါအုံး'
'ရှေ့ကဆိုင်မှာအင်္ကျီရွေးရင်းစောင့်နေမယ်မောင် မြန်မြန်လာခဲ့'
ထပ်ပြီးပြေးထွက်သွားပြန်ပါသည်၊ မောင်ကခပ်မိုက်မိုက်ပုံစံလေးဝတ်ကာ ရှိုးထုတ်ထားပေမဲ့ ခုချိန်တွင်တော့ အထုတ်များစွာနဲ့ မောင်ပဲမများနိုင်တော့ချေ။
'ဒီဦးထုပ်လေးတွေအရောင်စုံယူမယ်နော်'
'ဟုတ်ကဲ့ရှင့်'
'ဒီမျက်မှန်လေးရောပဲ မောင်နဲ့ဆိုသိပ်လိုက်မှာ'
'မောင့်Jiminတော်ပြီလေကွာ မောင့်လက်ထဲကအထုပ်တွေကိုလဲကြည့်အုံး'
'နည်းသေးတယ်မောင် ဆက်သယ်ခဲ့ငါနောက်တစ်ဆိုင်ကစောင့်နေမယ်'
ဘယ်လိုမှမနိုင်တော့တဲ့အဆုံးလက်မြှောက်အရှုံးပေးလိုက်ရသည်၊
သီချင်းလေးညည်းရင်းအပြင်ထွက်သွားသူသည် ရီသံပိစိလေးတွေထွက်အောင်ထိ ခိုးရီနေသေးသည်။
YOU ARE READING
JEON (Completed)
Fanfictionအတိတ်ကဖြစ်ရပ်တွေကြောင့် တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေရာမှ လက်ထပ်ရန်အကြောင်းဖန်လာတဲ့အခါ... Jikook