Part-13

13.3K 855 62
                                    

Min Yoongiရဲ့ကားလေးလဲ ပြန်ကောင်းသွားပြီဖြစ်၍ ဆေးရုံသို့သွားရန် အထုပ်အပိုးများအား ကားထဲထည့်နေသည်၊ Min Yoongiကားရှေ့တွင်ရပ်ထားတာကတော့ သိန်းနှစ်သောင်းလောက်ပေးရပြီး တစ်ရက်နဲ့အင်ဂျင်ဝပ်တဲ့ကားလေးပေါ့။

'Jimin… ဘာမှမကျန်ခဲ့ဘူးမလား'

'ဟုတ် အကုန်ပါတယ်hyung'

Jiminသည် ပစ္စည်းထည့်နေသောMin Yoongiဘေးတွင် ဟိုတယ်ကဝန်ထမ်းတွေလာချပေးသော ခုံလေးပေါ်တွင်ထိုင်နေသည်၊

'ဒီကငါ့ညီရော မြို့ထဲလိုက်အုံးမလား'

'နေပါ ကျွန်တော်ကSeoulပြန်မှာ'

'အစ်ကိုတို့လဲ အမေ့ကိုဝင်ကြည့်ပြီရင် seoulပြန်ကြမှာ…'

'ဒါဆိုကျွန်တော့်ကိုခွင့်ပြုအုံး သာယာတဲ့အချိန်လေးတွေကိုမနှောင့်ယှက်ချင်ဘူး'

Jiminကိုကြည့်ကာ ရွဲ့ပြောသွားပြီး ကားပေါ်တတ်သွားသူသည် ကားတံခါးအားစောင့်ပိတ်သွားသည်၊ ပြီးနောက်လေလိုအလျင်ဖြင့် မောင်းထွက်သွားပါတော့သည်၊

Min Yoongiလဲသဘောတကျပြုံးပြီး Jiminအားထူရင်း lover seatတွင်နေရာချပေးပြီး သူလဲမောင်းသူနေရာတွင်ဝင်ထိုင်လိုက်သည်။

'Jiminစိတ်မဆိုးရင်hyungတစ်ခုလောက်ပြောလို့ရမလား'

'ရ…ရပါတယ်hyungရဲ့ ဘာများလဲ'

'ဟိုကောင်လေးကြည့်ရတာ Jiminကိုသဘောကျနေတယ်ထင်တယ်'

'မ…မဟုတ်ပါဘူး သူက ကျွန်တော်ကိုသက်သက်လိုက်မုန်းနေတာ အဲ…အဲတာကြောင့်အခုလိုတွေလိုက်နှောင့်ယှက်နေတာ'

'Jiminထင်လို့ပါ hyungကတော့ အဲကောင်လေးက ကိုယ်နဲ့Jiminကိုသဝန်တိုနေသလိုပဲ'

'ပေါက်…ပေါက်ပေါက်ရှာရှာ မ…မဟုတ်ပါဘူး'

ရဲသွားသောမျက်နှာလေးသည် တစ်ဖက်သို့လှည့်သွားကာ ခိုးပြုံးနေတာကို Min Yoongi လဲမမြင်လိုက်တော့။

----------------

မမုန်းဘူးမဟုတ်ဘူး မုန်းပါတယ် သို့သော်အခြားတစ်ယောက်ထဲအတူရှိနေတာတော့ ခွင့်မပြုနိုင်ပါ၊ ငြင်းပါကြိုက်သလောက်ငြင်းပိုင်ခွင့်ရှိတယ် အခြားတစ်ယောက်ကိုတော့ ကြိုက်သွားလို့မဖြစ်ဘူး။

JEON (Completed)Where stories live. Discover now