After 2 years later☆☆☆☆☆☆☆☆☆☆
'Hello…'
ထမင်းချိုင့်လေးကိုင်ကာ အပြုံးလှလှလေးပြုံးပြနေသောလူသားလေးသည် သက်ရှိနတ်သားလေးများအလာ၊
မျက်ဝန်းလေးတွေမှိတ်ကျသွားတာလေးကအစ မျက်နှာမလွှဲချင်စရာ နတ်သားလှလှလေး။
'He…Hello ဒုCEO…'
Secretaryမလေး၏ နှုတ်ဆက်သံမှာJiminကအပြုံးလှလှလေးထပ်ပြုံးပြကာ…
'ဒီတိုင်းJiminလို့ပဲခေါ်ပါ…'
'ခေါ်ချင်တာပေါ့ရှင်…CEOကခွင့်မပြုဘူးလေ သူသာကြားရင်ကျွန်မအလုပ်ထွက်ရလိမ့်မယ်'
'အဲလောက်တောင်ဆိုးနေတာလား ကိုယ်သူ့ကိုဆုံးမပေးရမလား'
'အမလေး…မလုပ်ပါနဲ့ဒုCEOရယ်…'
ကောင်မလေးကကြောက်အားလန့်အားဖြင့် လက်ကလေးယမ်းကာ ငြင်းတော့Jiminလဲသဘောကျကာထပ်ပြုံးမိပြန်သည်။
'မောင်ရုံးခန်းထဲမှာရှိတယ်မလား'
'အစည်းဝေးခန်းထဲမှာပါဒုCEO'
'ကြာအုံးမှာလား ကြာမယ်ဆိုကိုယ်ထမင်းချိုင့်ထားပြီးပဲပြန်လိုက်တော့မယ်'
'မလုပ်ပါနဲ့ဒုCEOရယ် ရောက်ပြီးမှတော့တွေ့သွားပါ မဟုတ်ရင်ဒုCEOရောက်တာ လာမပြောလို့ဆိုပြီးတစ်ရုံးလုံးပြဿနာရှာနေရင် ကျွန်မတို့ပြေးပေါက်မရှိလို့ပါ'
'မောင်ကအဲလောက်တောင်ဆိုတာလား…'
'အဲလောက်ဆိုးမဆိုးကတော့ ဒုCEOကိုယ်တိုင်အစည်းဝေးခန်းကိုသွားကြည့်ဖို့ကျွန်မအကြံပြုပါရစေ'
ထိုကောင်မလေးပြောစကားကောင့် မောင်တစ်ယောက်တစ်ကယ်ပဲဆိုးနေတာလားလို့တွေးရင်း
CEOအဆိုးလေးရှိတဲ့နေရာကို ချိုင့်လေးကိုင်ကာထွက်လာလိုက်တော့သည်။အစည်းအဝေးခန်းနဲ့နီးလာသော ခပ်ကျယ်ကျယ်ကြားရလေဖြစ်သောမောင့်အသံသည် ဒေါသသံများဖုံးလွှမ်းနေ၏။
'ဒါလေးကိုသေချာမလုပ်နိုင်ကြဘူးလားဟမ်…!!'
'………'
'ဒီပုံစံအတိုင်းဆို အားလုံးအလုပ်ထွက်ဖို့ပြင်ထား…!!'
Projectလေးတစ်ခုတောင်ဖြစ်ဖြစ်မြှောက်မြှောက်မလုပ်နိုင်တဲ့သူတွေ အကုန်ထုတ်ပစ်မယ်၊ ငါ့ကုမ္ပဏီ ငါ့စည်းကမ်းအောက်မှာနေပြီး အလုပ်လုပ်ပုံတွေကအချိုးမပြေဘူး၊
YOU ARE READING
JEON (Completed)
Fanfictionအတိတ်ကဖြစ်ရပ်တွေကြောင့် တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေရာမှ လက်ထပ်ရန်အကြောင်းဖန်လာတဲ့အခါ... Jikook