Part-8

12K 798 27
                                    

မနေ့ကမှ အသစ်ဆက်ဆက်ရောက်လာတဲ့ပန်းအိုးလေးတွေက အလှလေးတွေ၊ အကြိုက်တွေပဲရွေးမှာထားတာကြောင့် ရောက်လာတဲ့အခါမှာလဲ ဖူးဖူးကြွကြွပွင့်နေကြတာမြင်ရတော့မျက်ရစ်မပါတဲ့မျက်ဝန်းလေးတွေမှိတ်သည်အထိ ပြုံးမိနေ၏။

ဒီနေ့ကနေသာတဲ့နေ့လေးမို့ စိတ်တွေဟာလဲကြည်လင်လို့နေတယ်၊ ဖြတ်တိုက်သွားတဲ့လေနုလေးတွေကို အဝရှူကာအလှဆုံးပြုံးထားသော ဆိုင်ပိုင်ရှင်လေးဟာလဲ ပန်းတွေနဲ့အပြိုင်ဖူးဖူးကြွကြွလေး။

'အဲအိုးလေးကို ဒီမှာချပေးနော် သေသေချာချာလေးကိုင်ပေးကြပါ ပန်းတွေကိုလက်နဲ့မကိုင်ကြပါနဲ့နော်'

'အဲဒါကိုအဲ့မှာမချဘူး ဒီဘက် ဒီဘက်'

'နေကြာတွေကအထဲမသွင်းဘူးနော်'

ပန်းအိုးများလာချပေးသောဝန်ထမ်းများနှင့် ပန်းအိုးများကြား လူကောင်သေးသေးလေးက အသံဆာဆာလေးဖြင့် အမိန့်ပေးသံလေးက ချစ်ကြည့်မယ်ဆိုချစ်စရာလေးပါ။

တစ်နာရီနီးပါးလောက်အော်ဟစ်အမိန့်ပေးပြီးတဲ့နောက် ပန်းအိုးလေးများဟာ နေရာတကျ စီစီရီရီလေး၊ တံခါးမှဘုတ်ပြားလေးကို OPENဘက်သို့လှည့်ကာ လာဗင်ဒါပန်းလေးအား နူးနူးညံ့ညံ့လေးကိုင်ကြည့်နေတုန်း ‌တံခါးမှခေါင်းလောင်သံလေးမြည်လာ၏။

'ကြိုဆို…ပါတယ်'

ဝင်လာသောသူသည် အပြုံးလှလှလေးဖြင့်Jiminအားပွေ့ဖက်နှုတ်ဆက်လိုက်သည်။

'ပင်ပန်းနေပြီလား'

'ဟင့်အင် ဘယ်လိုလုပ်ဒီကို…'

'လမ်းကြုံလို့ဝင်လာတာလေ ပန်းတွေကအသစ်ရောက်ထားတာလား'

'အင်း ဒီ‌နေ့မှရောက်တာ'

'ငါ့အစ်ကိုတော့ပင်ပန်းနေတော့မှာပဲ ဘာကူလုပ်ပေးရမလဲ'

'နေပါ အဝတ်စား‌တွေပေကုန်ပါလိမ့်မယ်'

'အဟမ်း!!'

ညီလေးနဲ့စကားကောင်းနေတာနဲ့ပဲ ဧည့်သည်ပါလာတာကိုသတိမထားမိလိုက်၊

'မိတ်ဆက်ပေးရအုံးမယ် ဒါကMin Yoongiတဲ့ စီးပွားရေးပါတနာလေ Min Yooni shi ဒါကကျွန်တော့်အစ်ကိုPark Jiminပါ'

JEON (Completed)Where stories live. Discover now