မောင်အတင်းယူလိုက်တဲ့ညကစ ဆိုင်သူလေးနဲ့မောင်သည်စကားလုံးဝမပြောတော့၊ မောင်ကလဲဆိုင်သူလေးအိမ်ပြန်နောက်ကျခြင်းအပေါ် ဘာပြဿနာမှမရှာတော့သလို ဆိုင်သူလေးသည်လဲမောင်ညတွေပြန်မအိပ်တာကို ဘာကြောင့်လဲဆိုတာတစ်ခွန်းမမေးခဲ့။
မောင်သည်လဲအရင်ပုံစံအတိုင်းပြန်ဖြစ်သွားကာ အခြေနေတွေသည်လဲ မချစ်ခဲ့ကြတုန်းကလိုအေးတိအေးစက်နဲ့။
မောင်ပြန်မလာသောညတွေသည် ဆိုင်သူလေးအတွက်အိပ်ခန်းကအလွန်ပင်ကျယ်လွန်နေကာ အငွေ့သက်တွေသည်လဲအေးစက်စွာ။
တစ်ခါတစ်ရံနာရီပေါင်းများစွာထိ အိပ်ယာကိုငေးငေါင်စွာထိုင်ကြည့်တတ်သည်။စိတ်တွေပင်ပန်းလာမှသာ ဝင်အိပ်တတ်ပြီး မောင်အိပ်နေကျနေရာလေးကို ယောင်ယမ်းစွာလက်ဖြင့် စမ်းသပ်မိတဲ့အခါ မောင်မရှိဘူးဆိုတဲ့အသိကလူကိုရူးသွားစေနိုင်ပါသည်။
'Jimin… Jimin…'
'ခေါ်လိုက်သေးလာhyung'
'အင်း…hyung ခေါ်နေဝာာကြာပြီ Jiminကြည့်ရတာစိတ်နဲ့လူနဲ့မကပ်သလိုပဲ ပြန်နားရင်နားလိုက်ပါလား…'
'မဟုတ်တာ ရပါတယ် နည်းနည်းအတွေးလွန်သွားယုံပါ'
'Jungkookနဲ့အဆင်မပြေလို့လားJimin…'
'ဗျာ…!မ…မဟုတ်…'
'hyungကြောင့်လား…'
'မ…မဟုတ်ဘူးhyung ဒီ…ဒီတိုင်းပဲနည်းနည်းပြဿနာလေးတွေဖြစ်ယုံပါ'
လက်ကလေးနှစ်ဖက်ကိုယမ်းခါပြပြီး ခေါင်းကလဲအတင်းယမ်းနေပေမဲ့ Jiminမျက်လုံးတွေသည်မလိမ်တတ်ခဲ့ပါ။
Jiminနဲ့ကိုယ့်ရဲ့ဆက်ဆံရေးကရိုးရှင်းပေမဲ့ Jungkookကအမြဲသဝန်တိုနေတတ်တာကိုတော့ ရိပ်မိပါတယ်၊ ခုရက်ပိုင်းလဲ ထယ်ကလုံးဝပျောက်ဆုံးနေတာကြောင့် Jiminနဲ့ညတွေအထိ onlineကနေ လူပျောက်ကြော်ငြာတာတွေရော လက်ကမ်းစာဆောင်လုပ်တာတွေတိုင်ပင်ဆွေးနွေးဖြစ်တာကြောင့် Jiminအိမ်ပြန်ချိန်နောက်ကျတတ်တာကိုလဲသိပါတယ်။
အိမ်ထောင်ရှိပြီးသားယောင်္ကျားတစ်ယောက်က အခြားယောင်္ကျားတစ်ယောက်နဲ့ တစ်နေကုန်အတူတူရှိနေတာကို ဘယ်သူကများသဝန်မတိုပဲနေမလဲ၊ ကိုယ်သာဆိုလဲသဝန်တိုမိမှာပဲ သဝန်တိုရအောင်ကိုလဲ Jiminကိုကလှလွန်းတာကို။
![](https://img.wattpad.com/cover/330707476-288-k463456.jpg)
YOU ARE READING
JEON (Completed)
Fanfictionအတိတ်ကဖြစ်ရပ်တွေကြောင့် တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေရာမှ လက်ထပ်ရန်အကြောင်းဖန်လာတဲ့အခါ... Jikook