အလွန်မွှေးကြိုင်နေသောပန်းခင်းကြီးတစ်ခု အမျိုးမျိုးသောပန်းပေါင်းစုံနှင့် လှချင်တိုင်းလှနေသည်၊ လေနုနုလေးဖြတ်တိုက်သွားတိုင်း နှာခေါင်းထိပ်ကျီစယ်လာသော ရနံ့တို့ကသင်းသင်းကြိုင်ကြိုင်လေး၊ လှပသောပန်းခင်းကြီးထဲ ပြေးလွှာနေသောကောင်လေးသည် မျက်လုံးလေးတွေမှိတ်ကျသွားသည်အထိ ပြုံးရယ်နေ၏။
တစ်ချက်တစ်ချက်အသံထွက်အောင်ရီလိုက်တိုင်း ပန်းလေတွေသည်စည်းချက်အတိုင်းလှုပ်ရှားသွား၏။ဘယ်ကလာမှန်းမသိသော လိပ်ပြာရောင်စုံတို့ဟာလဲ ထိုကောင်လေးဘေးဝေ့ဝဲနေကြ၏။
လွှတ်မြောက်ချင်းလမ်းစဖြစ်ပါလိမ့်မည် အရာအားလုံးဇာတ်သိမ်းသွားပြီထင်ပါရဲ့၊ အလှဆုံးပန်းခင်းကြီးကြား လိပ်ပြာလေးတွေနဲ့ချစ်စရာကောင်လေးသည် အလှဆုံးသောပန်းချီကားချပ်လေးသဖွယ်။
လေးလံနေသောမျက်ဝန်းတို့သည်လဲ လှုပ်နိုးနေသည့်သဖွယ်ပွင့်လို့လာချေပြီ၊ မရင်းနှီးသည့်မျက်နှာကျက်ကစောင့်ကြိုနေပေမဲ့ နွေးထွေးသည့်ခံစားချက်တို့ဝင်ရောက်နေ၏။ပထမတစ်ခါကလို ကြောက်မနေတော့ပါ အခန်းကိုဝေ့ဝဲကြည့်မိတော့ အကောင်းစားတွေကိုသာသုံးထားသည့်အခန်းပုံစံ… ဟီဂျယ်များလား။
လှဲနေရာမှထထိုင်လိုက်တဲ့အခါ ခန္တာကိုယ်သည်နာကျင်နေတာမျိုးရှိမနေပါ အံ့ဩစရာကောင်းနေ၏။အလင်းရောင်တို့ခစားရာ ဝရံတာကိုကြည့်မိတော့ လူအရိပ်ရှိနေ၏။ဖုန်းပြောနေဟန်တူပါသည် အဖြူရောင်လိုက်ကာလေးကြောင့် ထိုလူကိုကောင်းကောင်းမမြင်ရပါ၊
လုံခြုံသွားပြီဖြစ်၍ စိတ်တွေသည်အဆင်ပြေသွားကာ ဝရံတာကလူဝင်လာမည့်အချိန်ကိုသာ ကုတင်ထက်ငြိမ်သက်စွာစောင့်နေမိ၏။
'ခင်ဗျားနိုးပြီလား'
Jiminအံ့ဩရပြန်ပါသည် ရင်းနှီးနေတဲ့အသံ စကားအသုံးအနှုန်း ဒုတိယမြှောက်ကယ်တင်ရှင်ကတစ်ကယ်ပဲ Jungkookieလား။
'Jung…kookie'
'ဘာလဲ မမြင်ဖူးဘူးလားကျုပ်ကို'
'မ…မဟုတ်ပါဘူး ငါ…ငါအံ့ဩသွားလို့ပါ'
'ခင်ဗျားနဲ့ကျုပ်စာရင်းရှင်းစရာရှိတယ်'
အပေါ်ပိုင်းဗလာဖြင့် ခပ်ပွပွဘောင်စဘီတစ်ထည်ကိုသာဝတ်ဆင်ထားကာ Jiminဘေးနားဝင်ထိုင်လိုက်သည်၊ နှဖူးပေါ်သို့လက်တင်ကာစမ်းကြည့်နေသေး၏။
YOU ARE READING
JEON (Completed)
Fanfictionအတိတ်ကဖြစ်ရပ်တွေကြောင့် တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေရာမှ လက်ထပ်ရန်အကြောင်းဖန်လာတဲ့အခါ... Jikook