စေ့စပ်ကြောင်းလမ်းတဲ့ကိစ္စကို ကျွန်တော်တို့ဘက်ကအပြတ်ငြင်းပြီးသား ဒါကိုဥက္ကဌဆော့သည် ဇွဲမလျော့ခဲ့ပါ၊ နည်းလမ်းအမျိုးမျိုးဖြင့် ပြန်စဉ်းစားပေးရန် တောင်းဆိုလာတယ်၊ ထပ်ခါထပ်ခါငြင်းနေရတော့ ဖေဖေလဲအားနာလာကာ ဘယ်လိုလုပ်ရမှန်းမသိ၊
တစ်ရက်တော့ ညစာစားပွဲတစ်ခုအားဖိတ်လာခဲ့၏။ကျွန်တော်သိပါတယ် ဒါကရိုးရိုးညစာစားပွဲမဟုတ်ဘူးဆိုတာ၊ တစ်နည်းအားဖြင့် နှစ်ဖက်မိဘတွေ့ဆုံပွဲပေါ့၊ ဖေဖေတစ်ယောက်ထဲက စေ့စပ်တဲ့ကိစ္စကို ဒိုင်းခံငြင်းလာတာဆိုတော့ နှစ်ဖက်မိသားစုဆုံတဲ့အချိန် ချောင်ပိတ်ပြီးအတင်းတောင်းဆိုလာရင်တော့ ကျွန်တော်ဘက်က ငြင်းစရာရှိတာတော့ငြင်းရမှာပဲ။
'ကိုကို… သဲ အိတ်လေးတွေဝယ်အုံးမယ်နော်'
'သဘော… သဘော'
တစ်နေ့တစ်ယောက်မရိုးနိုင်အောင်တွဲနေပေမဲ့ ဒီတစ်ယောက်နဲ့တော့နည်းနည်းကြာတယ်ပြောရမလား၊ စေ့စပ်ရမဲ့ကိစ္စခေါင်းထဲရောက်နေတာနဲ့ အရင်လိုပွေဖို့ထက် ဘယ်လိုခေါင်းရှောင်ရမလဲဆိုတာသာ အချိန်ပြည့်အကြံထုတ်နေမိတယ်၊ အဲဒါကြောင့်လဲ အနားကမိန်းမလှလေးတွေကို လူမထပ်အောင်ရွေးတွဲဖို့ အာရုံမလာတော့။
အနားရောက်လာတဲ့သူနဲ့ ကောက်တွဲလိုက်တာပဲ စိတ်ပြေလို့ပြေငှားပေါ့၊ ခုလဲ ဆိုဖီယာဆိုတဲ့မိန်းမလှလေးနဲ့ shoppingပတ်ထွက်နေရ၏။စိတ်ကမှညစ်ရတဲ့ကြားထဲ သူ့ကြောင့်ခေါင်းပါမူးချင်လာသည်၊ ကုန်တိုက်တစ်ခုလုံးပတ်နေတာ မပြီးနိုင်မစီးနိုင်နဲ့ မိန်းမတွေများ သိပ်ခြေများတာပဲ။
လိုချင်တာတွေ့ရင်လဲ လက်ညိုးထိုးပူဆာရတာနဲ့ မသိရင်ကိုယ့်ကိုသူတို့အဖေများထင်နေလား အောက်မေ့ရတယ်၊ မြန်မြန်ပြီး မြန်မြန်နားအေးတာကြောင့် လက်ညိုးထိုးသမျှ ထုတ်ခိုင်းကာ sugar daddyလုပ်နေရတော့သည်။
'ကိုကို သဲတို့ဒါပြီးရင် ဟော့ပေါ့သွားစားရအောင်'
'ကျစ်! မပြီးတော့ဘူးလား'
'ကိုကိုကလဲ ဒီနေ့ကသဲတို့ရဲ့ဒိတ်လေးလေ အမှတ်တရတွေအများကြီးဖြစ်အောင် လျှောက်သွားရမှာပေါ့'
YOU ARE READING
JEON (Completed)
Fanfictionအတိတ်ကဖြစ်ရပ်တွေကြောင့် တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေရာမှ လက်ထပ်ရန်အကြောင်းဖန်လာတဲ့အခါ... Jikook