Part-30

14K 768 132
                                    

သစ်ပင်ခြုံနွယ်တွေထူထပ်နေတဲ့ တောနက်ကြီးတစ်ခု၊ လမ်းဆိုတာလဲ ဘယ်ဆီနေမှန်းမသိ ငှက်ကလေးများ၏ အသံဆာဆာလေးများကို ကြားနေရကာ တစ်ခါတစ်ရံ တိရစ္တာန်ကြီးများရဲ့ ဟိန်းဟောက်သံများကိုကြားနေရ၏။

ထိုကဲ့သို့တောနက်ကြီးထဲ အဝါရောင်ကြက်ပေါက်ညအိပ်ဝတ်လေးဖြင့် ရောက်နေသူသည် ဒူးလေးများတုန်နေ၏။ဒီတောထဲ သူဘယ်လိုရောက်နေလဲဆိုတာ မမှတ်မိပါ။

နေရာတိုင်းကိုသွားကြည့်ပေမဲ့ ဒီနေရာကိုပဲ ထပ်ခါထပ်ခါရောက်နေတယ်၊ လူလဲမောလာကာ ရေပင်ဆာလာရသည်အထိ၊

အုပ်ဆိုင်းနေတဲ့သစ်ပင်ကြီးထက် နေအလင်းရောင်ကိုအားကိုကာ ပြန်လမ်းကိုရှာရပေအုံးမည်။သစ်ပင်တစ်ပင်ကိုမှီကာ အမောဖြေနေတုန်းမှာပင် မြေကြီးများတုန်ခါလာ၏။

'ဘာ…ဘာဖြစ်တာလဲ'

သစ်ပင်ကိုအားကိုးကာ ထရပ်လိုက်တော့ လူပါတုန်ခါလာ၏။

'ကြီးမားတဲ့အကောင်တစ်ခုခုများ လာနေတာလား'

သစ်ကိုင်းပေါ်နားနေကြသော ငှက်ကလေးများလဲထပျံသွားကြသည်၊ ခြေသံတွေသည်ပိုနီးလာကာ မြေကြီးသည်လဲပိုတုန်ခါလာ၏။

ခြေသံတွေက ခြုံတွေနောက်ကလာတာဖြစ်၍ ထိုနေရာကိုစူးစိုက်စွာကြည့်မိတော့ ကြီးမားလှသောနားရွက်ကြီးများကို ဦးစွာမြင်ရ၏။

'ဘာ…ဘာအကောင်ကြီးလဲ'

လန့်လွန်းလို့ လူပင်လဲကျသွားရကာ ဘာအကောင်ကြီးများထွက်လာပြီး စားသွားမလဲလို့ ရင်တမမဖြင့်ကြည့်နေရသည်။

ထိုအချိန်ခြုံတွေနောက်ကွယ်ကနေထွက်လာတာက ကြီးမားလှသောရှေ့သွားကြီးနှစ်ချောင်း ပြီးနောက်တရှုံ့ရှုံ့လုပ်နေသောနှာခေါင်း ထို့နောက်မှ ဦးခေါင်းကြီးထွက်လာတော့သည်။

'ယုန်…ယုန်ကြီးလား!!'

ဒီလောက်ကြီးမားလှတဲ့ယုန်မျိုးကို Jiminတစ်သက်နဲ့တစ်ကိုယ်မမြင်ဘူးပါ၊ သူ့ခန္တာကိုယ်ထက် သုံးဆလောက်ရှိတဲ့ ယုန်ကြီးကJiminလဲမြင်ရော သူ့ရဲ့မျက်လုံးကြီးများပြူးလာကာ ပျော်သွားသယောင် Jiminဆီဦးတည်လာ၏။

JEON (Completed)Where stories live. Discover now