'မောင့်Jimin… ဘယ်တွေရောက်နေတာလဲကွာ'
ကုမ္ပဏီအစည်းဝေးကနေ အိမ်ကိုတန်းပြန်လာလိုက်တာ project တွေလဲပြီးပြီမို့ ခွင့်ယူပြီးနားရက်ယူလိုက်တော့တာ၊
ဒီနေ့ပြန်လာမယ်ဆိုတဲ့အကြောင်း ဆိုင်သူလေးကိုဖုန်းဆက်ထားတယ် စာလဲပို့ထားတယ် မနေ့ကအထိအကောင်း ဒီမနက်ကျမှဆက်သွယ်လို့ကိုမရတော့တာ။
မနက်ခင်းပိုင်းက အစည်းဝေးတွေနဲ့ နေ့လည်စာစားပွဲတွေရှိနေတာကြောင့်အိမ်ကိုတန်းပြေးလာလို့ကမရ။
အချိန်တွေကြာလာလို့ဆက်သွယ်မရလေ စိုးရိမ်စိတ်ကတိုးလာလေပဲ ဖုန်းကဝင်တယ် မကိုင်တာဆိုတော့ ပိုဆိုး၏။
နေ့လည်စာကိုတောင်လူကြီးတွေနဲ့အတူတူမစားနိုင်တော့ အစည်းဝေးပဲတက်ပြီး ကျန်တာကိုဒယ်ဒီဆီကိုပဲလွှဲခဲ့လိုက်ပြီးအိမ်ပြန်လာလိုက်တာ။
အိမ်ရောက်တော့လဲခြံတံခါးကြီးသည်ပွင့်နေသည်၊ ရင်ဘတ်ထဲအပူလုံးကြီးဝင်လာကာ ချွေးများပင်ထွက်လာ၏။
ဘာတွေဖြစ်နေလဲမသိပေမဲ့ Jeon Jimin ခြစ်ရာသေးသေးလေးထင်ကြည့် လုပ်တဲ့ကောင်အသေပဲ၊
မေးရိုးတွေတင်းလာကာ အငွေ့သက်တွေသည် လူသတ်တော့မည့်အတိုင်း။ကားကိုခြံထဲထိအရင်မောင်းဝင်ပြီး ခဏရပ်ကာခြံတံခါးကိုသေသေချာချာပြန်ပိတ်လိုက်သည်၊ ဒီနေ့ဘယ်ကောင်မှ Jeon Jungkook လက်ထဲကမလွှတ်စေရဘူး။အကုန်အသေပဲ။
ကားကိုပါကင်မှာဖြစ်သလိုထိုးထားခဲ့ပြီး သော့ဖြုတ်ဖို့တောင်သတိမရ ခြေလှမ်းကျဲများဖြင့် အိမ်ကြီးဆီဦးတည်လိုက်တော့ အိမ်တံခါးမကြီးသည်ပွင့်နေ၏။
'Jeon Jimin…!! မောင့်Jimin…ရှိနေလား…'
'Jeon Jimin!! ရှိနေရင်ပြန်ထူးပါကွာ မောင်ရင်တွေပူလွန်းလို့…'
'တောက်!!!'
သုံး၊လေးမိနစ်လောက်ထိဘာတုန့်ပြန်သံမှမကြားရ အိမ်ကြီးသည်အပ်ကျသံကြားရလောက်သည်အထိ တိတ်ဆိတ်နေခဲ့သည်။
'အိမ်မှာဘယ်သူမှမရှိကြဘူးလား!!! အိမ်တော်ထိန်းကြီး!! ခြံစောင့်တွေရော....ကားဒရိုင်ဘာတွေရောဘယ်ရောက်ကုန်တာလဲ!!'
YOU ARE READING
JEON (Completed)
Fanfictionအတိတ်ကဖြစ်ရပ်တွေကြောင့် တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေရာမှ လက်ထပ်ရန်အကြောင်းဖန်လာတဲ့အခါ... Jikook