2

13.3K 325 5
                                    

💘 Part - 2 💘
-------------

"ဒီနေ့ မင်းရဲ့ဂျူတီလား သံလွင်"

"အေး မင်းပြန်တော့မှာလား"

"ပြန်တော့မယ် အပြန်ကျဟိုဆေးခန်းကိုဝင်လိုက်ဦးမယ် အဆင်ပြေရဲ့လားမသိဘူး"

ဆေးခန်းဆိုမှ ဒီနိုင်းဆိုသည့် ကောင်မလေးကိုပြန်သတိရလိုက်ကာ တစ်ချက်ပြုံးမိသွားသည်အထိ။
သူပြုံးလိုက်သည်ကိုတွေ့လိုက်သော ဇေယျာက တစ်ချက်ပြန်ငုံ့ကြည့်ကာ စပ်ဖြဲဖြဲမျက်နှာဖြင့်...

"မင်းပြုံးနေတာလား သံလွင်"

"ထူးထူးဆန်းဆန်း ကောင်မလေးတစ်ယောက်အကြောင်း သတိရသွားလို့ပါ ငါအဲ့ဒီဆေးခန်းထိုင်ခဲ့တုန်းက"

အစချီလျက် ပြောပြလိုက်သည့်အခါ ဇေယျာသည်လည်း ထိုမိန်းကလေးကို စိတ်ဝင်စားသွားပုံဖြင့် ငြိမ်သက်စွာနားစွင့်နေ၏။
ခဏတဖြုတ်ရောက်လာသည့် မိန်းကလေးတစ်ယောက်ဟာ ဘာကြောင့်များ သူ့အာရုံထဲရောက်နေသလဲ သံလွင်ကိုယ်တိုင်လည်းသေချာမသိပါ။

အလှတရားကို လူတိုင်းနှစ်သက်သောကြောင့်လား...
ဒါမှမဟုတ် အချင်းချင်းလုပ်ကြံကြလို့ ရလာသည့်ဒဏ်ရာတွေကြောင့်လား...
ဒါမှမဟုတ် မိန်းကလေးတန်မဲ့ Yamahaစီးတဲ့အတွက်ကြောင့်လား...

"စိတ်တော့ဝင်စားစရာပဲ ဒါပေမယ့် လူချမ်းသာသားသမီးတွေဆိုတာ သိတဲ့အတိုင်းပဲ အပေါ်စီးကပဲနေမယ်ဆိုတာ"

"လူတိုင်းတော့ အဲ့လိုမဟုတ်ပါဘူး ထားပါ မင်းသွားတော့လေ နောက်ကျနေမယ်"

ဇေယျာသည် သူ့ကိုလက်ပြနှုတ်ဆက်ရင်း နားနေခန်းမှထွက်သွားသည့်အခါ ဖတ်နေကျဆေးကျမ်းတစ်အုပ်ကို လှမ်းယူလိုက်သည်။
ဆရာဝန်ပေါက်စဆိုတာ အခုလိုကြိုးစားနေမှသာ တော်ကာကျမည်မလား...

"ဆရာ အရေးပေါ်လူနာဌာနကပါ လူနာရှိလို့ပါ"

နာ့စ်မလေး၏အသံကြောင့် စာအုပ်ကိုပြန်ချထားခဲ့ကာဂျုတီကုတ်ကိုကောက်ယူပြီး နားနေခန်းကပြန်ထွက်လာခဲ့သည်။
လမ်းသွားနေရင်း ဂျူတီကုတ်ကိုဝတ်လိုက်ကာ အရေးပေါ်ဌာနကိုရောက်တော့ တစ်ခါမြင်ဖူးထားသည့် ပန်းဆီရောင်ဟိုက်လိုက်နှင့် ငွေမှင်ရောင်လက်နေသော ဆံနွယ်တွေ။
ဒီတစ်ခါတော့ သူမကလက်ပိုက်လျက် ရပ်နေကာ ဝှီးလ်ချဲပေါ်မှာတော့ ဒီနွေဆိုသည့် မိန်းကလေး...

EvermoreWhere stories live. Discover now