💘 Part - 26 💘
-------------"နိုင်း ပါပါးဆီခဏသွားနေဦးမယ်"
"သွားလေ"
နိုင်းရဲ့စကားကိုချက်ချင်းခေါင်းညိတ်သည့် သူ့ကြောင့် စိတ်ထဲမကျေမနပ်ဖြစ်သွားမိကာ နှုတ်ခမ်းစူပစ်လိုက်သည်။
နေနိုင်စိမ့်သော ရေခဲတုံးကြီးကိုလည်း ဘုန်းခနဲထုနှက်ပစ်တော့ သူက ပြန်လှည့်ကြည့်လာကာ
ဘာလဲဆိုသည့်အကြည့်မျိုး…"မတားဘူးလား"
"အဖေ့ဆီသွားတာ တားစရာလား နိုင်းရယ်"
"ပါပါးကပြန်မလွှတ်တော့ရင်ရော"
"ခဏတော့နေလိုက်လေ ချာတိတ်လေးကလည်း ပြည်ပထွက်ဖို့သိပ်မလိုတော့ဘူးမလား အဖေကလည်း နိုင်းနဲ့အတူတူနေချင်မှာပေါ့"
"ကိုကရော မနေချင်ဘူးလား"
"နေချင်တာပေါ့ ဒါပေမယ့် နိုင်းရယ် မင်းကို ကိုယ်တစ်ယောက်တည်း အပိုင်သိမ်းထားလို့မှမရတာ မင်းက စကားကိုလည်း တအားနားထောင်တာဆိုတော့"
"အခုနားထောင်မယ် ပြန်ပြော"
"အဖေ့ဆီခဏသွားလိုက်"
"သံလွင်"
နိုင်း အသည်းယားသွားရပြီး သူ့ကျောပြင်ကြီးကို တဘုန်းဘုန်းမြည်အောင် ထပ်ထုမိပြန်သည်။
နိုင်း ကိုင်ရိုကိုသွားရတော့မှာမို့ အချိန်ရှိတုန်းလေး သူနဲ့နေပေးဖို့ဘာလို့ဆွဲမထားဘဲ ပါပါးဆီသွားခိုင်းနေတာလဲ…
နိုင်းနဲ့ခွဲရမယ့်အရေးက သူ့အတွက်လွယ်ကူနေလို့လား…"မသွားချင်တော့ဘူး တော်ပြီ"
"ကလေးကျနေတာပဲကွာ ယစ်ထုတ်မလေး.. ကိုယ်ပြောပြမယ်"
သူက နိုင်းကိုခါးကနေဖက်ထားပြီး နိုင်းနဖူးလေးကိုငုံ့နမ်းကာ…
"အဖေဆိုတာ သားသမီးကို သိပ်ချစ်ကြတဲ့အမျိုးသားတွေပါ နိုင်းအပေါ်ထုတ်မပြတာပဲရှိမယ် နိုင်းရဲ့ပါပါးက နိုင်းကိုချစ်လို့ မသွားခင်လေးမှာ အတူနေဖို့ခေါ်နေတာပဲမလား"
ပြဿနာရဲ့အတိမ်အနက်ကို ဘာမှမသိသေးသောသံလွင်က ခပ်အေးအေးသာပြောလာတော့ နိုင်း သူ့မျက်နှာကို မျက်တောင်မခတ်ငေးနေမိသည်။
အကယ်၍များ နိုင်းလိမ်ထားသမျှ အားလုံးပေါ်သွားရင်ရော သူ နိုင်းကိုဆက်ချစ်နိုင်ပါ့မလား…
YOU ARE READING
Evermore
Romance"မဖြစ်နိုင်ဘူးဆိုပြီးခေါင်းမခါပါနဲ့ သံလွင်ဆိုတာလည်းမြစ်ပဲ နိုင်းကလည်းမြစ်ပဲ ဒီမြစ်နှစ်စင်းဟာ ပင်လယ်မှာဆုံကြတာပဲမလား နိုင်းရှင့်ကိုချစ်တယ် Nileမြစ်ကြီးစီးဆင်းနေသ၍ ဒီနိုင်းက သံလွင့်ကိုချစ်နေမှာ" "Evermoreဆိုတာ တစ်ဆက်တည်းပေါင်းရေးထားရင် အမြဲထာဝရလို့ဘာသ...