💘 Season II Part - 29 (ဇာတ်သိမ်းပိုင်း) 💘
--------------------"ဆရာ ဆရာ့အမျိုးသမီးဖုန်းခေါ်ထားပါတယ်"
ခွဲခန်းကနေထွက်ထွက်ချင်း receptionကဝန်ထမ်းလေးမှ အသိပေးလာသည့်အခါ နာရီကိုတစ်ချက်လှမ်းကြည့်မိတော့ ၄နာရီထိုးတော့မည်ဖြစ်သည်။
ခါတိုင်းဆို ဒီအချိန်ဖုန်းမဆက်တတ်သော နိုင်းက ဘာများဖြစ်လို့လဲဟု အတွေးဖြင့် ရုံးခန်းထဲရောက်သည်နှင့် မထိုင်အားသေးဘဲ ဖုန်းကိုလှမ်းယူလိုက်သည်။"ဟဲလို"
"ကိုယ် အခုမှခွဲခန်းကထွက်လို့ နိုင်း ဖုန်းဆက်တယ်ဆို ဘာဖြစ်လို့လဲ"
"လေးလေးရောက်နေတယ် ကိုနဲ့တွေ့ချင်လို့တဲ့"
"လေးလေး"
စိတ်ထဲမှာ မေ့နေခဲ့သည့် လူတစ်ယောက်ကို ချက်ချင်းပြန်သတိရလိုက်ကာ မင်္ဂလာပွဲတုန်းကမလာပါဘဲ လေးလေးကအခုမှ ဘာလာလုပ်တာပါလိမ့်။
ပြီးတော့ နိုင်းအလွန်မျက်မုန်းကျိုးသော ဟန်နီများပါလာသေးသလားမသိ…"တစ်ယောက်တည်းလား"
"အင်း အဲ့ဒါ ကိုပြန်လာတော့မှာလား လို့"
"ကိုယ် ခဏတော့နေရဦးမယ် Leoponမှာ ဘာမှထူးခြားတာမရှိရင် ကိုယ်ပြန်လာခဲ့မယ် လေးလေးကဘယ်မှာနေမှာတဲ့လဲ"
"အိမ်မှာပဲတည်းဖို့ပြောထားတယ် အဲ့ဒါဆို ကိုလည်းတကူးတကအချိန်ပေးစရာမလိုတော့ဘူးလေ"
"ဟုတ်ပါ့ဗျာ"
"အဲ့ဒါဆို ကို ပြီးမှပဲပြန်လာတော့နော် နိုင်း ညစာပြင်လိုက်ဦးမယ်"
ဟု ကြွားသလိုလေးပြောသွားတော့ သူ အသံမထွက်ဘဲရယ်မိသေး၏။
မနက်ကပဲ ကြက်သားကြော်ရင်း ဆီတွေပေါက်ပြီး ဒဏ်ရာရသွားလို့ အော်ငိုနေသေးကာ အခုတော့ ညစာစီမံချင်သေးသတဲ့။
တကယ့် အရူးမလေး…💘💘💘💘💘💘
ညစာအတွက်ပြင်ဆင်နေသော ကောင်မလေးကိုကြည့်ပြီး ဦးမင်းသွင်စိတ်ထဲ ရယ်ချင်နေမိကာ လက်မှာလည်း ပလာစတာကပ်ထားသောကြောင့် ဘာလုပ်လုပ်မျက်နှာလေးမဲ့သွား၏။
ထို့ကြောင့် အိမ်အကူဖြစ်ပုံရသည့်အမျိုးသမီးက ထိုကလေးမလေးလက်ကို ခပ်ဖိဖိလေးဆုပ်ကိုင်ကာ…
YOU ARE READING
Evermore
Romance"မဖြစ်နိုင်ဘူးဆိုပြီးခေါင်းမခါပါနဲ့ သံလွင်ဆိုတာလည်းမြစ်ပဲ နိုင်းကလည်းမြစ်ပဲ ဒီမြစ်နှစ်စင်းဟာ ပင်လယ်မှာဆုံကြတာပဲမလား နိုင်းရှင့်ကိုချစ်တယ် Nileမြစ်ကြီးစီးဆင်းနေသ၍ ဒီနိုင်းက သံလွင့်ကိုချစ်နေမှာ" "Evermoreဆိုတာ တစ်ဆက်တည်းပေါင်းရေးထားရင် အမြဲထာဝရလို့ဘာသ...