S-2 (28)

8.1K 258 5
                                    

💘 Season II Part - 28 💘

-------------

"အခြေအနေ"

ငရှိုင်းရဲ့အမေးစကားကြောင့် နိုင်းအကြောင်းပြောပြဖို့သတိရသွားပြီး ဖုန်းကို ဘယ်ညာပြောင်းကိုင်လိုက်သည်။
အခုအချိန်မှာ သူဟာ ဆေးရုံမှာရှိနေတာမို့ နိုင်းသိမှာကိုလည်းမပူရ…

"မင်းပြောသလိုပဲ ငရှိုင်း.. နိုင်းက သူ့အဖေနဲ့လည်း အဆင်ပြေသွားပြီ သူ့အရင်ခင်ပွန်းကိုလည်း သာမာန်လောက်ပဲတွေးတော့တယ်"

"ဒါဆို အဆင်ပြေတယ်ပေါ့"

"အေး ပြေသွားပြီ"

"ငါကြားတာတော့ ဟိုဘဲက ဆုံးသွားပြီဆို"

ဇေယျာ့အသံလည်းကြားလိုက်၍ ထိုနှစ်ယောက်ဟာ တစ်နေရာမှာတွေ့နေပုံရသည်။
နှစ်ယောက်လုံးဟာ လျှို့ဝှက်ထားရမည့်လူတွေမဟုတ်သလို နိုင်းနဲ့ကိုယ့်အကြောင်းကိုလည်း အစအဆုံးသိထားသူတွေမို့ သူ စိတ်ချလက်ချဖွင့်ပြောလိုက်သည်။

"အေး ငါတို့ Weddingအရင်ရက်ကပဲ ကားကအရှိန်လွန်ပြီး နိုင်းမြစ်ထဲထိုးကျသွားတာလို့ပြောတာပဲ"

"အင်း ဒီနိုင်းက ဘာပြောသေးလဲအခု.. သူက အဲ့ဒီလူကိုပြန်လက်စားချေဖို့ စိတ်ကူးထားတော့"

"ဘယ်လိုမှမဖြစ်တော့ဘူး အဲ့ဒီလူအကြောင်းတော့ ပြန်သတိရတယ်ထင်တယ် ဒါပေမယ့် Suicideလုပ်တဲ့ကိစ္စတွေမပါတော့ဘူး ညဘက်တွေဆို အိမ်မက်ဆိုးတွေ မမက်တော့ဘူး"

"အဆင်ပြေတယ်ဆိုပါတော့"

"ပြေသွားပြီကွာ ငရှိုင်း ငါမင်းကိုတကယ်ကျေးဇူးတင်တယ် မဟုတ်ရင် သူအဲ့လိုအိမ်မက်ဆိုးတွေနဲ့ လန့်လန့်နိုးလာတိုင်း ငါအရမ်းရင်ပူရတယ် အခုတော့ တကယ်အေးဆေးဖြစ်သွားပါပြီ"

"မင်းအဆင်ပြေဖို့ပဲလိုတာပါ"

"ဟိုကောင်ဇေယျာရော မင်းကိုလည်းကျေးဇူးတင်တယ် မင်းသာ ငါ့ကိုမတိုက်တွန်းခဲ့ရင် ငါလည်း ရှေ့ဆက်တိုးဖြစ်မှာမဟုတ်ဘူး"

"အေးဆေးပါ ငါ့ကောင်ရာ"

"မင်းတို့ကို Partyပြီးတော့ ငါလိုက်ရှာသေးတယ် ဘယ်ရောက်သွားတာလဲ"

EvermoreWhere stories live. Discover now